"ခွေးပေါက်လေး မနက်ဖြန် Nanning သွားရမှာမလား၊ အ၀တ်အစားတွေထည့်တော့လေ"
"ညမှထည့်မယ်လေ"
"ခုထဲကထည့်ထားတော့ဘာဖြစ်မှာမို့လို့လဲ၊ မင်းအားနေတယ်မလား၊ အဲ့လက်ထဲကဂိမ်းစက်ကိုချပြီးအခုထထည့်"
"ဟင့်"
အိပ်ယာပေါ်မှာအပျင်းတစ်ပြီးတွန့်လိန်ကာဆန္ဒပြနေသောရီပေါ်ကို ခေါင်းအုံးနှင့်နှစ်ချက်လောက်ဆင့်ရိုက်ပေးလိုက်သည်။
"မင်းထမလား မထဘူးလား"
"ကောကလည်းမနက်ကတည်းကတလှုပ်လှုပ် နဲ့လုပ်နေတာခုထိမပြီးသေးဘူးလား၊ လာ ကျွန်တော့်ဘေးမှာလာလှဲ"
"ပြောမရလည်းနေတော့"
သူ့ထခိုင်းတာကိုယ့်ပါအဖော်ဆွယ်ပြီးလာလှဲခိုင်းနေသောသကောင့်သားကိုထပ်မပြောချင်တော့။ သူ့ပြောရတာကိုယ်တောင်အသံတွေပိုအောင်လာသလိုလို။ ဖင်ကိုလည်းတချက်ပြန်စမ်းလိုက်မိသည်။ လိပ်ခေါင်းတွေဘာတွေများထွက်နေပြီလားလို့။ ပြောမရဘူးလေ။ သူ့လက်ချက်နဲ့ ကိုယ်ကသူများတွေထက်ပိုကျယ်နေတယ်မလား။ အဲ့တော့သူများတွေထက်လိပ်ခေါင်းထွက်နိုင်ချေ 2ဆလောက်ပိုများနေပြီဟုပြောလို့ရသည်။
ဘီရိုအောက်ထဲထည့်ထားသည့် ခရီးဆောင်သေတ္တာတစ်ခုကိုထုတ်ယူလိုက်ပြီးကုတင်ပေါ်တင်လိုက်သည်။
"ဟိုဘက်တိုးဦး၊ ဒီမှာနေရာမရှိတော့ဘူး"
ဖြဲကားထားသောရီပေါ်၏ခြေထောက်ကိုလှမ်းရိုက်လိုက်တော့ခြေထောက်ကိုရုတ်သွားကာရှောင်းကျန့်ဘက်တစောင်းလှည့်ပြီးခေါင်းကိုလက်ထောက်ကာကြည့်နေသည်။
"ကိုယ့်ဟာကိုယ်ထည့်ပါဆိုတာကိုတော့မထည့်ဘူး"
"ကော ထည့်ပေးတာလိုချင်လို့ပါ"
"မင်းကိုယ်တိုင်ထည့်တော့မင်းစိတ်ကြိုက်ဖြစ်တာပေါ့"
နေ့လည်ရောက်နေပြီးအစာမကျွေးသေးသောကြောင့်အစာတောင်းရန်အခန်းနားကပ်လာသောကျင်းကော်အခန်းထဲမှအသံများကြောင့်နှာခေါင်းသွေးလျှံချင်သွားသည်။ ခုမှနေတောင်မစောင်းသေးဘူး ဒီပါးပါးတို့ကဘယ်လိုတွေဖြစ်!!! အပျိုလေးကျင်းကော်နားရှက်တယ်။ သမီးမိန်းကလေးရှိတာကိုဆင်ဆင်ခြင်ခြင်မနေချင်ကြဘူး။ အံ့ဩဘ။