Chapter 61

214 30 12
                                    

"Covid 19 ရောဂါဟာအခုဆိုရင် တရုတ်နိုင်ငံဘက်ကိုပြန်လည်ခြေဦးလှည့်လာပြီဖြစ်ပြီး အဓိကဦးတည်နေတာကတော့လူနေထူထပ်တဲ့မြို့တော် ဘေကျင်းပဲဖြစ်ပါတယ်။ ယနေ့စစ်ဆေးတွေ့ရှိချက်များအရ..."

အိမ်ရှေ့ဧည့်ခန်းမှာဖွင့်ထားသောတီဗီမှ မနက်ခင်းသတင်းသံကိုသဲ့သဲ့ကြားနေရသော်လည်း ရှောင်းကျန့်ရဲ့စိတ်အစုံကတော့ဘေကျင်းကိုပြန်လာတော့မယ့် လင်တော်မောင်ဆီမှာ။ အိမ်မှာတစ်ကိုယ်တည်းဖြစ်နေသော်လည်း မနက်စာစားချိန်၊ နေ့လည်စာစားချိန်၊ ညစာစားချိန်ကိုရီပေါ်ကမထင်ရင်မထင်သလို VC ခေါ်တတ်သလို အစားစားချိန်တိုင်းလည်းဘာစားနေပါပြီဆိုပြီး ဓာတ်ပုံရိုက်ပို့ရသည်။ ၀မ်ရီပေါ်ဘ၀မှာအရေးအကြီးဆုံးကရှောင်းကျန့်ထမင်းစားဖို့ပဲလေ...

အိမ်မှာကိုယ့်ဘာသာအားနေတုန်းစမ်းစိမ်ကြည့်ထားသော မုန်ညင်းဂင်ချီတစ်ဖက်ကိုတူလေးနှင့်ညှပ်ယူရင်းစားလိုက်သည်။ အင်တာနက်မှာတွေ့တဲ့နည်းနဲ့လုပ်ကြည့်တာဖြစ်သော်လည်း ရှောင်းကျန့်ကအရင်ကတည်းကအချက်အပြုတ်နှင့်ပတ်သက်လျှင်လက်ဆိပ်ရှိသူမို့လားမသိ။ ရှောင်းကျန့်လက်ရာဂင်ချီမှာ စားလို့ကောင်းသည်ဟုတော်တော်များများကပြောကြသည်။ ရီပေါ်ပြန်လာလျှင်ကျွေးမှဟုတေးထားလိုက်သည်။

ရီပေါ်ကကိုရီးယားမှာနေခဲ့ဖူးသူမို့ကိုရီးယားအစားအသောက်တွေကိုကောင်းကောင်းသိသော်လည်း ဘာမှမလုပ်တတ်ပေ။ လုပ်ပေးလျှင်တော့ဒီအရသာမဟုတ်ဘူး ဟိုအရသာမဟုတ်ဘူးပြောတတ်သည်။ မဟုတ်လျှင်ဟုတ်အောင်ဘယ်လိုလုပ်ရမလဲမေးတော့လည်းသူမသိ။ စားပြီးသာအရသာခံတတ်သည်။ ဒါကြောင့် ရီပေါ်ကိုရှောင်းကျန့်စိတ်ခဏခဏကောက်ရဖန်များပြီ။ ဒါကြောင့်လည်းဒီတစ်ခေါက်ရောဘယ်လိုဖြစ်ဦးမလဲမသိဟုတွေးရင်းရှောင်းကျန့်ပြုံးလိုက်မိသည်။

ရှောင်းကျန့်ဆိုသည်မှာလည်းရီပေါ်အကြောင်းတွေးမိရင်သေးသေးမွှားမွှားလေးကိုကအစအလိုလိုကိုကြည်နူးနေမိတော့တာ။ ဒါကြောင့်ပဲ အချစ်ဆိုတာကုရာနတ္ထိဆေးမရှိလို့ပြောကြတာဖြစ်သည်။

*တီ...

အသံမြည်လာသောဖုန်းလေးကိုကြည့်လိုက်တော့ တစ်နေ့ကိုဆယ်ခါထက်မနည်းခေါ်နေလေ့ရှိကာဖုန်းလေးတောင်အလွတ်ရနေလောက်ပြီဖြစ်သော contact လေးကြောင့်ရှောင်းကျန့်တူလေးကိုအသာချကာဖုန်းကိုင်လိုက်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant