Chapter 87 (Zhan's Birthday Special)

164 27 5
                                    

Weibo တစ်ခွင်ပျံ့နှံ့နေသောရီပေါ်ပုံနှင့် ရှောင်းကျန့်မွေးနေ့ဆုတောင်း Fan Edit များကိုကြည့်ရင်း မှဲ့နက်လေးတန်ဆာဆင်ထားသော နှုတ်ခမ်းပါးလေးကပြုံးယောင်သန်းနေသည်။ အတိအကျပြောရလျှင် လှောင်ပြုံးလား၊ မဲ့ပြုံးလား....?

တကယ်တော့ ရှောင်းကျန့်တစ်ယောက်ရယ်ချင်ခြင်းဖြစ်သည်။

မင်းတို့က ငါ့မွေးနေ့မှာငါကငြိမ်နေပြီး ရီပေါ်ကပေါ်လာလိမ့်မယ်လို့မင်းတို့ထင်နေကြတယ်မဟုတ်လား... အခုလည်းငါနဲ့ရီပေါ်ရဲ့ချစ်ခြင်းကိုမနာလိုပြီး သားအဖဇုန်ထဲအတင်းဆွဲထည့်နေကြတာမလား...
မင်းတို့တွေမလောင်တာကြာတော့ ရောင့်တက်နေကြတဲ့ပုံပဲ... ဟင်း ဟင်း ဟင်း...

ရှောင်းကျန့်ဖုန်းကိုပွတ်နေရင်း မြန်မာကားထဲကလူဆိုးအသံနဲ့တဟင်းဟင်းရယ်လိုက်တော့ မန်နေဂျာကြီးက ကြော်ညာစာချုပ်တွေစီစဥ်နေရာမှခေါင်းထောင်ကြည့်သည်။

သူဌေးဘာတွေကြံစည်နေပြန်ပြီလဲမသိဘူး

ရှောင်းကျန့်လက်မှပတ်ထားသောနာရီကိုကြည့်ကာ အချိန်ကျသည်နှင့်အသင့်ပြင်ဆင်ထားသော မွေးနေ့ဆု‌တောင်းနှင့် ဓာတ်ပုံကို ကုမ္ပဏီ Official Page ကနေ ကိုယ်တိုင်တင်လိုက်သည်။ Xiao Zhan Official Page နှင့် Wang Yibo Official Page ကိုကိုင်သူမှာ တစ်မိုးအောက်နှစ်‌ယောက်မရှိသောစနေသားသာဖြစ်ကြောင်း ဒီနှစ်တွင်အားလုံးသိစေရမည်။

--------------------------------------------

အနားမှာရှိသောဧရာမ‌ရေဘူးကြီးကို ကောက်ကာ ၀မ်ရီပေါ်ရေတစ်ငုံသောက်လိုက်သည်။ အခုတလော ရေဆာဆာမဆာဆာ လူရှေ့မှာဒီရေဘူးကြီးကိုထုတ်ပြီးရေသောက်ပြရတာကို ၀မ်ရီပေါ်တို့အရမ်းခရေဇီဖြစ်နေမိသည်။

သူ့မွေးနေ့ကိုသူပဲထွက်မည်၊ ၀မ်ရီပေါ်ကိုအသာငြိမ်နေရန်အမိန့်ထုတ်ထားသောချစ်ရသူကြောင့် ဖင်ဂနာမငြိမ်ဖြစ်လျက်နှင့် ရိုက်ကွင်းတွင်အောင့်အည်းနေရသည်။

"ဟာ တက်လာပြီ..."

နေ၀င်ချိန်အပြီး တဖန်ထွက်ပေါ်လာတဲ့အရုဏ်တက်ချိန်တွေကြားမှာအချိန်တွေကုန်လွန်လာခဲ့ပြီ....

အစချီသောမွေးနေ့ဆုတောင်းစာအရှည်ကြီးကိုဖတ်ရင်း ၀မ်ရီပေါ်တစ်ချက်သန်း‌‌ဝေလိုက်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant