Chapter 54

226 33 2
                                    

"ယား!!!ယား!!!"

မနက်မိုးလင်းကတည်းက၀မ်ရီပေါ်တစ်ယောက်တစ်ယားတည်းယားနေသည်မှာဘာကိုယားနေမှန်းတော့မသိ။ မနက်စာအဖြစ်ပေါ့ပေါ့ပါးပါးအနေနဲ့ နို့တစ်ခွက်စီနှင့်ပေါင်မုန့်တစ်ယောက်တစ်လုံးစီ...အဲ အဲ...၀မ်ရီပေါ်ကအကဲပိုကာပေါင်မုန့်တစ်လုံးပိုစားခိုင်းသဖြင့်ရှောင်းကျန့်ကတော့နှစ်လုံးပေါ့။ နေ့လည်စာကိုတော့ နှစ်ယောက်သားအိမ်မှာရှားရှားပါးပါးတူတူရှိချိန်မို့ delivery ပဲမှာစားဖို့စဥ်းစားထားကြသည်။ ထို့ကြောင့်ရှောင်းကျန့်ကမနက်စာစားပြီးကတည်းက အေးအေးဆေးဆေးပန်းချီလေးတစ်ကားလောက်စမ်းကြည့်ဦးမည်ဆိုကာ ပန်းချီခန်းထဲ၀င်သွားသည်။ သို့သော်အမောင်ပေါ်က ပန်းချီခန်းထဲနေရတာမွန်းကြပ်ပါတယ်၊ အပြင်မှာလန်းလန်းဆန်းဆန်းလေးထွက်ဆွဲရင်ပိုပြီးအနုပညာကပီပြင်မှာဟုပြောသဖြင့် ရှောင်းလူကြီးတစ်ယောက်ယုံကြည်ပြီးခြံပြင်ထွက်မိသည်။ ခုတော့ပန်းချီဆွဲဖို့အာရုံစိုက်တိုင်းဘေးမှာ၀ါးလုံးတစ်ချောင်းကိုင်ကာ စောက်ကမြင်းကြောထနေသဖြင့် မနက်8နာရီထဲကစုတ်တံကိုင်ထားတာ ခု10နာရီခွဲနေပြီ။ စုတ်ချက်တစ်ချက်မှမဆွဲရသေး။

"၀မ်ရီပေါ်..."

"ဗျာ..ယား!!!"

"မင်းလေ့ကျင့်နေတာအရမ်းကြာနေပြီ တော်တော့လေ"

"ဒီအကွက်ကခက်တယ် ကျန့်ကောရ...ယား!!!မနက်ဖြန်ဆရာ့နဲ့ပြန်လေ့ကျင့်ရင်...ယား!!! မှားတာမရှိမှရမှာ...ယား!!!"

၀ါးလုံးရှည်ကိုဘေးဘယ်ညာယမ်းလိုက်၊ ခြေထောက်အောက်ကလျှိုသွင်းလိုက်၊ ခေါင်းပေါ်ကကျော်လိုက်၊ ဇောက်ထိုးတွေလုပ်လိုက်၊ မိုးမျှော်တွေလုပ်လိုက်ဖြစ်နေသော၀မ်ရီပေါ်ကိုကြည့်ပြီးရှောင်းကျန့်သက်ပြင်းချကာ မတွေးရတာကြာနေပြီဖြစ်သော တွေးနေကျအတွေးတစ်ခုကိုတွေးလိုက်သည်။

ငါယူထားတာလူလား မျောက်လား...

ရှောင်းကျန့်ကြည့်နေတာတော့ ပြဇာတ်အတွက်လှံသိုင်းလေ့ကျင့်တာနည်းနည်း သူကမြင်းကြောထနေတာများများလို့ထင်သည်။ သူအကစတူဒီယိုမှာရိုက်လာသောဗီဒီယိုကိုရှောင်းကျန့်ကြည့်ဖူးပါသည်။ ဒီလိုမျောက်ရှုံးနေအောင်ဆော့သောအကွက်တွေမပါဘူးထင်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant