ရှောင်းကျန့်ရှန်ဟိုင်းကိုရောက်နေတုန်းရီပေါ်ကတော့အနားမှာတကပ်ကပ်နှင့်ဖားပျံကြီးကျလို့။ ဒိုင်ယာလော့ဖတ်စရာရှိတာတောင် ပေါင်ပေါ်ကားယားကြီးခွတက်နေ၍မနည်းခွာချရသည်။ မသိရင်ကိုယ်ကဆီမီးကြီးကျလို့။ ကြုံတုန်းအခွင့်အရေးယူလိုက်ရင်ကောင်းမလား...
"ရီပေါ်"
"ငင်"
တွေ့လား တွေ့လားဖြေပုံကိုက ဟင်လဲမဟုတ် အင်လဲမဟုတ်၊ အဲ့နှစ်ခုကြားကအသံ။ သူပဲထွက်တတ်သည်။ ခြေထောက်နာနေသည်အကြောင်းပြကာချွဲချင်နေတာ လမ်းသင့်တုန်းစားရမည်။ (အကြံကြီးသောယုန်ကြီးပါ)
"ခွေးပေါက်လေး၊ နာနေသေးလား"
"ဟင့်၊ နာတယ် နာတယ် ဒီနေရာ၊ ဒီနေရာ"
ဖြူဖွေးနေသောခြေကျင်း၀တ်လေးကိုလက်ညိုးထိုးပြကာမျက်နှာလေးကတော့ငိုမဲ့မဲ့။
"ဒီနေရာလား"
"ဟင် အင်း ဟုတ်တယ် ဟုတ်တယ်"
ဘယ်နေရာမှန်းမသိဘဲရှောင်းကျန့်ထိုးပြသည့်နေရာကိုအတင်းတွေစွတ်ခေါင်းငြိမ့်ကာဟုတ်တယ်လုပ်နေတဲ့ရီပေါ်။
"ကလေးလေးကအနာရှိန်နဲ့ဖျားတောင်ဖျားချင်နေလားမသိဘူး၊ မျက်နှာလေးရဲနေတယ်"
"အင့် ဟုတ်တယ်"
ချွဲချင်နေတုန်းရှောင်းကျန့်စကားကရေကန်အသင့်ကြာအသင့်ဖြစ်နေ၍ စွတ်တွေဟုတ်နေကာရင်ခွင်ထဲ၀င်လာတဲ့မုန်လာဥ။
"ဖျားချင်နေရင်လေ့ကျင့်ခန်းလေးလုပ်ကြမလား"
"ဟင် ဘယ်လိုလုပ်၊ အွတ် အု ကျန့်ကော"
ပြန်မေးသည့်စကားတောင်မဆုံးလိုက်။ ရှောင်းကျန့်ပေါ်တက်ခွနေသောရီပေါ်ခန္ဓာကိုယ်လေးကိုပွေ့ချီကာဆွဲမတ်လိုက်ပြီး နှုတ်ခမ်းထော်ထော်လေးကိုအတင်းနမ်းနေပြီးလက်များကလဲခန္ဓာကိုယ်အနှံ့ကျူးကျော်လာကြသည်။ ဒီနေ့မှအရမ်းတွေခရုတီဆန်ချင်နေသော၀မ်ရီပေါ်ကရှပ်အင်္ကျီအဖြူပေါင်လယ်လောက်ကိုပဲအောက်က boxer တစ်ထည်သာခံ၀တ်ထားသည်။
shit သေတော့မှာပဲ
"ကျန့်ကော ဘာတွေလုပ်နေတာလဲ"