Chapter 58

201 29 11
                                    

*တီ...တီ...

"နိဟောင်၊ ဘေကျင်းပြည်တွင်းလေကြောင်းလိုင်း လက်မှတ်အရောင်းဌာနမှကြိုဆိုပါတယ်။ ဘာကူညီပေးရမလဲဗျာ"

"ညီလေး..."

ကြားလိုက်ရသည့်ရင်းနှီးနေသောစပ်ဖြဲဖြဲအသံကြောင့် အရောင်းဌာနမှ၀န်ထမ်းလေးမျက်မှောင်တွန့်သွားမိသည်။

"ဟဲဟဲ၊ ဘေကျင်းသွားဖို့လက်မှတ်လေး၀ယ်ချင်လို့"

"ဘယ်အချိန်လဲ"

ပြတ်တောင်းတောင်းအသံကြောင့်မန်နေဂျာကြီး တွန့်ခနဲနေသွားသည်။

*တောက်၊ ငါ့ဘ၀ကလည်းလေယာဥ်လက်မှတ်‌ရောင်းတဲ့၀န်ထမ်းချေတာတောင်ခံရတဲ့ဘ၀...

"ဟို၊ ည 5နာရီခွဲ6နာရီလောက်လေယာဥ်ရှိလား"

"ရှိပါတယ်"

"အဲ့ဒါဆိုထုံးစံအတိုင်းလေး ဟဲဟဲ"

သွားကျိုးကလေထွက်နေသလားထင်ရအောင်တဟဲဟဲရယ်နေသည့် ဖောက်သည်ကြောင့်၀န်ထမ်းကောင်လေးမမြင်နိုင်မှန်းသိပေမယ့်မျက်စောင်းလှမ်းထိုးလိုက်မိသည်။

"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်"

ဂွပ်ခနဲချကာပြတ်တောက်သွားသောတယ်လီဖုန်းလိုင်းလေးကိုကြည့်ကာ မန်နေဂျာကြီးမျက်နှာငယ်လေးနှင့်ကျန်ခဲ့သည်။

၀န်ထမ်းကောင်လေးကတော့ ၀မ်ရီပေါ်အမည်နှင့်၀ယ်ထားသောလေယာဥ်လက်မှတ်များဘေးတွင်ကိုယ်ပိုင်အမှတ်အသားလေးလုပ်ထားလိုက်သည်။

(Not Sure!)

---------------------------------------------------------------

စပွန်ဆာပေးထားသည့်လက်စွပ်ကိုလက်ညိုးမှာစွပ်လိုက်ပြီး လက်သူကြွယ်မှလက်စွပ်ကိုချွတ်ကာရှောင်းကျန့်နှုတ်ခမ်းမှာဖိကပ်ပြီးဘောင်းဘီအိတ်ထဲထည့်လိုက်သည်။ လက်စွပ်အမြဲတမ်းနီးပါး၀တ်ထားသဖြင့် လက်သူကြွယ်မှာကျန်နေခဲ့သောအဖြူစင်းရာကိုဖိပွတ်လိုက်သည်။ အ၀တ်အစားများအကုန်လဲပြီးအခန်းထဲမှာပဲထိုင်နေလိုက်သည်။

"ခုထိ List ကမထွက်သေးဘူး"

အခန်းထဲ၀င်လာပြီးရှုံ့မဲ့ကာပြောနေသောမန်နေဂျာကြီးကိုရှောင်းကျန့်ပြုံးပြလိုက်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant