Chapter 86

175 33 0
                                    

"ရီပေါ်လက်သည်းမကိုက်နဲ့"

ရှောင်းကျန့် photo shooting အတွက်မိတ်ကပ်ပြင်နေတုန်း ကြည့်မှန်မှတစ်ဆင့်အနောက်ကျောကဆိုဖာမှာထိုင်နေသောရီပေါ်ကို ကြည့်ပြီးလှမ်းဟန့်လိုက်သည်။ ရီပေါ်တစ်ယောက် Changsha နှင့် Shanghai ကိုလူးလာခေါက်ပြန်ပြေးလွှားနေရသည့်ကြားမှ ပေကျင်းကိုနည်းနည်းလေးအားသည်နှင့်ပြန်လာပြီးရှောင်းကျန့်ရိုက်ကွင်းသို့လိုက်လာခြင်းပင်။ ရှောင်းကျန့်ကလည်းအခုတ‌လော ကုန်ပစ္စည်းကြော်ငြာများသာလက်ခံထားသည်မို့ ထူးထူးထွေထွေကိစ္စကသိပ်မရှိပေ။

ရှောင်းကျန့်မျက်နှာကိုအချောသတ်ပြင်အပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ လက်ငါးချောင်းစလုံးကိုပယ်ပယ်နယ်နယ်ကိုက်နေသည့်၀မ်ရီပေါ်။

"၀မ်ရီပေါ်၊ လက်သည်းမကိုက်ပါနဲ့ဆို!"

ဘေးနားမှာ၀န်ထမ်းတွေလည်းရှိသောကြောင့်ရှောင်းကျန့်အသံကိုထိန်းပြောလိုက်သော်လည်း နည်းနည်းတော့လေသံမာသွားသည်။ ဒီတော့မှလက်တစ်ဖက်ကဖုန်းပွတ်နေသည့်ရီပေါ် ပြူးကြောင်ကြောင်နှင့်မော့ကြည့်လာသည်။

"လောင်၀မ်၊ လက်မကိုက်နဲ့လို့ကောပြောထားတယ်လေကွာ"

"ဪ အင်း အင်း ကော"

ချက်ချင်းလက်ကိုချကာပေါင်ပေါ်တင်လိုက်သောရီပေါ်ကြောင့်ရှောင်းကျန့်ကျေနပ်သွားသည်။

"ရှောင်းကော၊ ဒီနေ့ဒါတွေ၀တ်ရမှာနော်"

LiNing မှအင်္ကျီများချိတ်ထားသောစင်ကို ရှောင်းကျန့်၀န်ထမ်းကောင်လေးတစ်ယောက်ကတွန်းလာပြီးပြောသည်။

"အင်း အင်း၊ ကော၀တ်ပြီးထွက်လာခဲ့မယ်နော်၊ မင်းတို့အပြင်မှာပြင်စရာရှိတာသွားပြင်ထားလိုက်တော့"

"အာ..ဟုတ် ဟုတ် ရှောင်းကော"

၀န်ထမ်းကောင်လေးနှင့် မိတ်ကပ် artist ကအန္တရာယ်အငွေ့အသက်များခံစားနေရ၍ လွယ်လွယ်ကူကူပင်စကားနားထောင်ကာ အပြင်သို့ပြေးထွက်သွားသည်။ ထို့အပြင်အလိုက်သိစွာ တံခါးလော့လည်းချပေးထားခဲ့ပါသည်။

၀န်ထမ်းများထွက်သွားမှရှောင်းကျန့်အနည်းသည်းခံထားသောစိတ်ကိုဖြေလျှောကာ မျက်လုံးများက၀မ်ရီပေါ်ဆီရောက်သွားသည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant