Chapter 1

5.4K 222 7
                                    

"ဒွန့် ဒွန့် ဒွန့် ပရှုး...ပရှုး...အုန်း"

"၀မ်ရိပေါ်၊ ငြိမ်ငြိမ်နေစမ်း၊ ငါသောက်လုံးတွေအရမ်းနောက်နေပြီ"

ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ စလာပါပြီ။ အခုလူကြီးမင်းတို့မြင်တွေ့ရမှာကတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာဘောင်းဘီထိုင်ဖာနေတဲ့အမောင်ရှောင်းကျန့်နဲ့ ပါးစပ်မှတံတွေးစင်အောင် beat box လုပ်ကာဧည့်ခန်းတခွင်ပြဲပြဲစင်အောင်လှည့်ပတ်ကနေသော လင်တော်မောင်၀မ်ရိပေါ်ရယ်ပါ။

"၀မ်ရိပေါ်!!!!!ငါငြိမ်ငြိမ်နေလို့ပြောနေတယ်နော်၊ မင်းဆက်ကနေရင်အခန်းပြင်ထွက်အိပ်ရမယ်မှတ်!!!!"

ရှောင်းကျန့်၏ခုနှစ်သံချီဟစ်လိုက်မှုကြောင့် အိမ်နံရံလေးများလှုတ်ခါကာဆေးမှုန်များတစ်ဖွားဖွားကျလာသည်။

"ဟွန့်"

၀မ်ရိပေါ်နှာခေါင်းပေါ်ကျလာသောဆေးမှုန်များကိုနှာတစ်ချက်မှုတ်ပစ်လိုက်သည်။

"ကောကလည်း၊ အရင်ကတော့ကောပဲကျွန်တော်ကတာအရမ်းမိုက်တယ်ဆို"

ရှောင်းကျန့်ဘေးနားပူးကပ်၀င်ထိုင်ကာ၀မ်ရိပေါ်၀င်ထိုင်လိုက်သည်။

"အေး၊ အဲ့စကားထွက်ခဲ့တဲ့ငါ့ပါးစပ်ကိုငါပိတ်ရိုက်ချင်တာ"

"ဘာလို့လဲ"

"မင်းကချင်ရင်မင်း studio မှာကလေ၊ ခုတော့အိမ်မှာမျောက်လိုပွစာတက်အောင်လုပ်နေတာ၊ မျက်စိရောနားရောအနားမနေရဘူး"

နှုတ်ခမ်းတစ်လန်ပန်းတစ်လန်နှင့်အပ်ကြီးတစ်ကားကားပြောနေသည့်ရှောင်းကျန့်ကိုကြည့်ရင်းရိပေါ်အသည်းယားလာကာဆွဲဖက်ပစ်လိုက်သည်။

"အား၊ တိတိလေး ကောကောကချစ်စရာကောင်းလိုက်တာ"

နဖူးလေးကိုအသာမွှေးကြူရင်းပြောတော့ရင်ခွင်ထဲရောက်နေသည့်ယုန်လေးကနံကြားကိုလက်သီးတစ်လုံးလက်ဆောင်ပေးလာသည်။

"အာ့၊ ကောကလည်းဘာလို့ထိုးတာလဲ"

"ဖယ်စမ်း၀မ်ရိပေါ်၊ လာပြီးရွစလိထိုးမနေနဲ့၊ မဖယ်ရင်မင်းဥကိုအပ်စိုက်လိုက်ရမလား"

"အိ"

အံကြိတ်ကာ အပ်လေးမြောက်ပြလာသောရှောင်းကျန့်ကြောင့်၀မ်ရိပေါ်မိမိရတာနာလေးကိုလက်နှင့်အသာအုပ်လိုက်မိသည်။ မတော်မျိုးတုန်းသွားမှ အဲဗရီးမဒေးရဘဲနေဦးမည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant