Chapter 12

538 54 2
                                    

ရှောင်းကျန့်ရှန်ဟိုင်းရောက်လက်စနဲ့ ရီပေါ် SDC ရှုတင်ပြီးမှတူတူပြန်မည်လုပ်ထားသောကြောင့်ဟိုတယ်မှာပင်အချိန်ကုန်နေသည်။ ကိုယ့်အိမ်မှာကအိမ်အလုပ်လုပ်လိုက်၊ ပန်းချီလေးနည်းနည်းဆွဲလိုက်၊ ဟိုလုပ်ဒီလုပ်နှင့်မနားရ။ ခုဟိုတယ်မှာဘာအလုပ်မှမရှိဘဲ စားလိုက်အိပ်လိုက်စာဖတ်လိုက်နှင့်သာအချိန်ကုန်နေသည်။ လူကနားတာကြာတော့ဗိုက်ခေါက်တောင်ထွက်ချင်လာသည်။ အင်း....ညဘက်ကျရင်တော့လေ့ကျင့်ခန်းလုပ်ရတာပေါ့လေ။ ဟေး...ဟေး...ဟိုးစတော့... မင်းတို့မှောင်သွားကြတော့မလို့လား။ ညဘက်လေ့ကျင့်ခန်းဆိုတာလေကောင်းလေသန့်ရအောင်ဟိုတယ်၀န်းထဲမှာလမ်းလျှောက်တာကိုပြောတာပါ။ မနက်ပိုင်းမလျှောက်ဘဲဘာလို့ညဘက်မှလျှောက်လဲဟုတ်လား။ ငါကြိုက်လို့ငါလျှောက်တယ်လို့မှတ်!

မနက်အိပ်ယာထပြီးရီပေါ်ရှုတင်သွားဖို့ပြင်ဆင်နေတာကိုရှောင်းကျန့်ထိုင်ကြည့်နေတယ်။ အင်း...ငါ့ရဲ့၀မ်နုမာန်လေးကချောလိုက်တာ။ ၀မ်နုမာန်ဆိုတာ ဟန်နုမာန်ရဲ့ညီလို့တော့မထင်လိုက်ကြပါနဲ့။ မင်းတို့ရဲ့ အဲ အဲ မဟုတ်သေးပါဘူး ငါ့ရဲ့ခင်ပွန်းလေး၀မ်ရိပေါ်ပါ။ လူဆိုတာမျောက်ကဆင်းသက်လာတာဆိုတော့ ၀မ်ရိပေါ်ကဟနုမာန်ရဲ့ ဆယ့်ရှစ်၀မ်းကွဲအမျိုးလည်းဖြစ်နိုင်တာပဲ။ ဟနုမာန်မှာလက်ဆွဲတော်တင်းပုတ်ရှိတယ်။ ၀မ်နုမာန်မှာလက်ဆွဲတော်စကိတ်ဘုတ်ရှိတယ်!

"ကျန့်ကော၊ ဘာတွေဒီလောက်ကြည့်နေတာလဲ၊ ကျွန်တော်ကဒီလောက်ချောလား"

မျက်နှာနားသို့နီးကပ်လာသောပြုံးဖြီးဖြီးမျက်နှာကြီးကိုတွန်းဖယ်လိုက်သည်။

"စောစောစီးစီး မရွနဲ့"

"ဟွန်း ရှုတင်သွားခါနီးလို့အလျော့ပေးလိုက်တယ်မှတ်"

အလျော့ပေးတယ်ဆိုတဲ့စကားကိုကြားပြီးရှောင်းကျန့်ဖင်ကျိန်းသွားသည်။ အဲ့စကားပြောတဲ့နေ့တိုင်းပြန်လာရင်ရှောင်းကျန့်မရှုနိုင်မကယ်နိုင်ခံရတတ်သည်လေ။ အင်း...ငါ့ယောကျ်ားကမျောက်တစ်ပိုင်းနွားသိုးတစ်ပိုင်းများလား...

ရှောင်းကျန့်အတွေးထဲမှာသတ္တ၀ါအမျိုးမျိုးဖြစ်နေရှာသော၀မ်ရိပေါ်ကတော့မှန်ရှေ့မှာဖီးလိမ်းပြင်ဆင်နေလေရဲ့။ ဟိုရောက်ရင်လည်းပြင်ရဦးမှာပဲဟာ၊ ဘာတွေဒီလောက်ပြင်နေရတာလဲ!!!

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant