Chapter 89 ZawGyi

83 9 12
                                    

"ရီပေါ်၊ မင်းတို့လင်မယား အဲလေ လင်လင်တွေ ဖက်ရှင်ဘရန်းတစ်ခုလုပ်ထားတယ်ဆို"

ရိုက်ကူးရေးအပြီးသိမ်းဆည်းနေကြတုန်း ဟင်နရီက ရီပေါ်နားကိုကပ်လာပြီးမေးခြင်းဖြစ်သည်။

"ဟုတ်တယ် အစ်ကို"

"ဝါး ဒါဆိုမင်းကသူဌေးပဲ ဘောစိ ဘောစိ"

ပါးစပ်အဟောင်းသားဖြင့် တစ်ဝါးဝါးလုပ်နေသည့်ဟင်နရီကို ဟန်ဂန်ကပြုံးစိစိနှင့်ကြည့်နေသည်။ ရီရှင်းကပါ ရီပေါ်ကိုပုခုံးလာဖက်ပြီး

"ဘယ်လိုလဲ ဘောစိ၊ ဒီလရောမုန့်ဖိုးမတိုးသေးဘူးလား"

ရီပေါ်ကတော့ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မို့ မချိပြုံးနှင့်ပြုံးလိုက်သည်။ ဝင်လာမစဲတသဲသဲဖြစ်နေသည့် delivery များကြောင့် ပေါင်ပေါင်းကမုန့်ဖိုးဖြတ်ထားသည်မှာ တစ်လတိတိ။ သူဒီလကိုမဟုတ်တာတွေထပ်သုံးလို့မဖြစ်တော့သည်မှာသေချာနေသည်။ ရီပေါ်အတွက် လိုအပ်သည့်ပစ္စည်းများကို ရှောင်းကျန့်ကကိုယ်တိုင်ထည့်ပေးပြီး တကယ်သုံးဖို့လိုအပ်လာရင်တော့ သေချာသက်သေနှင့်တကွပြ၍ ပိုက်ဆံထုတ်ယူနိုင်သည်တဲ့။

ထိုင်းငွေလား? နိုးပါ၊ ငါ့လိုအကျင့်စာရိတ္တကောင်းတဲ့အိမ်ထောင်ဦးစီးအကောင်းစားလေးမှာ ထိုင်းငွေဆိုတာစဉ်းတောင်မစဉ်းစားဖူးဘူး။

"အဟမ်း...ကျန့်ကောကစောင့်နေတော့မှာ ပြန်မယ်နော်"

ဒီထပ်ဆက်နေရင် ဘောစိဆိုပြီးအလိုက်ကန်းဆိုးမသိသည့် ဟင်နရီကတစ်ဝိုင်းတွေဘာတွေလုပ်လာနိုင်တာမို့ သူအမြန်လစ်ထွက်လာခဲ့သည်။ ဟိုတယ်မှာစောင့်နေသည့်ရှောင်းကျန့်ကိုလွမ်းလို့ဆိုတာလည်း ပါပါသည်။

-----------------------------------------------------

"အင်း၊ ဟုတ်တယ် အဲ့ဒါက Register လုပ်ပြီးသွားပြီ၊ ကျွန်တော်တို့ဖြေးဖြေးချင်းချပြမှာပါ၊ စောင့်ကြည့်လိုက်ပါဦး"

ဟိုတယ်အခန်းထဲဝင်ဝင်ချင်းကြားလိုက်ရသည့် ဖုန်းပြောနေသောရှောင်းကျန့်အသံကကြည်လင်နေသည်။ သူအခုတလော သူကိုယ်တိုင်ကြီးကြပ်ထားတဲ့ဘရန်းအကြောင်းကို ပြောနေရလျှင်ပျော်ရွှင်နေတတ်သည်။ တကယ်တော့ရှောင်းကျန့်က အဲ့ဒီကိစ္စကိုဘယ်ကတည်းကကြံစည်ထားမှန်းမသိ။ တော်တော်လေးကိစ္စတွေအောင်မြင်ခါနီးမှရီပေါ်ကိုဖွင့်ပြောလာခြင်းဖြစ်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant