Chapter 90 ZawGyi

80 8 10
                                    

"ခွေး‌ပေါက်လေးရေ၊ ဒီ‌လောက်ကအနေတော်ပဲလား၊ မြည်းကြည့်ပေးဦး"

အနားသို့သစ်သားဇွန်းသေးသေးလေးနှင့်ရောက်လာသော ရှောင်းကျန့်ခါးကိုဆွဲဖက်လိုက်ပြီးမှ သစ်သားဇွန်းလေးထဲမှဟင်းအရည်နည်းနည်းကို ရီပေါ်လျှာဖျားလေးနှင့်သပ်ကာမြည်းလိုက်သည်။ ပုံမှန်နှစ်တစ်ထောင်တွေဆိုရင်တော့ ဟင်းကိုကြုံသလိုချက်ပြီး ကြုံသလိုမြည်းလိုက်ကြမှာဆိုပေမယ့် ကိုယ်တွေကတော့မတူဘူးလေ၊ အဟင်း...ဘယ်လိုပြောရမလဲ...အချစ်တွေနဲ့ပြည့်နေတဲ့မီးဖိုချောင်လေးမှာ ဒီလောက်တော့ရိုလိုက်သင့်တယ်မဟုတ်လား...

"အင်း၊ အတော်ပဲကော၊ အရမ်းကောင်းတယ်"

လက်မလေးနှစ်ဖက်ထောင်ကာပြောနေသော ရီပေါ်ကိုကြည့်ပြီးရှောင်းကျန့်ယုန်သွားလေးများပေါ်အောင်ရယ်လိုက်သည်။

"ရီပေါ်၊ ကောတို့ချက်ထားတာတွေ သူတို့ကြိုက်လောက်မှာပါနော်"

"သူတို့မကြိုက်လဲ ကျွန်တော်ကြိုက်တယ်ကောရာ"

ဟင်းအိုးမွှေနေသောရှောင်းကျန့်နောက်သို့ရောက်လာကာ ရီပေါ်ကခါးသိမ်သိမ်လေးကိုဆွဲဖက်ရင်း ပုခုံးသားလေးပေါ်လည်းမေးတင်လိုက်သည်။

"အရွက်တွေသင်ခိုင်းထားတာရပြီလား ရီပေါ်"

ကလူ၏မြူ၏လုပ်နေသောရီပေါ်ကိုတောာင် အာရုံမစိုက်နိုင်ဘဲ ရှောင်းကျန့်ကတော့ ညစာစားပွဲကိုအကောင်းဆုံးဖြစ်အောင်သာ စိတ်စောနေမိသည်။ ဒီနေ့က Yibo Wang Zha Teamရဲ့ဂုဏ်ထူးဆောင်သုံးယောက်ကိုညစာဖိတ်ထားသည်ဆိုတော့ ရှောင်းကျန့်စိတ်လှုပ်ရှားနေမိသည်လေ။

"အင်း၊ ပြီးပြီကော"

"ပြီးရင်ရေဆေးလေ ခွေးပေါက်လေးရာ၊ မတ်တပ်ရပ်မနေနဲ့"

သူ့ကိုလှည့်မကြည့်ဘဲ ဝက်သားချဉ်စပ်လုပ်ဖို့အချဉ်ရည်စပ်နေသောရှောင်းကျန့်ကိုကြည့်ပြီးရီပေါ်မှုန်ကုပ်လာသည်။

"ကော"

"ဟင်"

"ကောလို့"

"ဟင်လို့"

"ကျန့်ကောရာ ကျွန်တော့်ကိုလည်းလှည့်တောင်မကြည့်ဘူး"

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant