"လောင်ဝမ်ရေ...လောင်ဝမ်.."
ရှောင်းကျန့်မီးဖိုခန်းထဲကနေလှမ်းခေါ်လိုက်ပေမယ့် ချစ်ယောကျ်ားအိမ်ထောင်ဦးစီးရဲ့ပြန်ထူးသံကိုတော့ တစ်စိုးတစ်စိမျှ မကြားရပါ။
"လောင်ဝမ်...ကောဆီခဏလာဦး..."
သူပဲလက်လုပ်ကြက်ဥခေါက်ဆွဲစားချင်တယ်ပြောပြီး ဘယ်ရောက်သွားတာပါလိမ့်။
ခေါ်မကြားအော်မကြားသည့် ချစ်လင်ကြောင့် ရှောင်းကျန့် ဂျုံမှုန့်တွေပေပွနေသည့် သူ့လက်ကိုရေဆေးကာအိမ်ရှေ့ခန်းကိုထွက်ခဲ့လိုက်သည်။
*ခူး....ခလော....ခူး...
စပိုက်ဒါမန်းကားကို ဝုန်းဒိုင်းကြဲဖွင့်ထားသောအိမ်ရှေ့ခန်းကိုရှောင်းကျန့် ဆောင့်ကြီးအောင့်ကြီးရောက်သွားသည်။
ဒီလောက်အသံတွေကျယ်နေတာ ဘယ်လိုလုပ်ကြားမှာတုန်း...
"ဝမ်ရီ..."
အသံကုန်ဟစ်လိုက်မယ်လို့ကြံပြီး ဆိုဖာပေါ်ကတစ်ယောက်ကိုကြည့်လိုက်တော့မှ
"ခူး....ခလော...ခူး..."
တီဗီရီမုဒ်ကိုဗိုက်ပေါ်တင်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော အမောင်ရီပေါ်ပါပေ။
ဪ...ငါ့ခွေးပေါက်လေး သနားဖို့ကောင်းလိုက်တာ၊ အိပ်နေလိုက်တာနှစ်နှစ်ခြိုက်ခြိုက်ပဲ၊ အိပ်ပါစေလေ.....
ဆိုပြီးတော့ မင်းတို့ကိုကြီးရှောင်းကျန့်က ခေါင်းလေးကိုငြင်ငြင်သာသာလေးပွတ်ပေးလိမ့်မယ်လို့ထင်ပါသလား??? နိုးပါ နိုး နိုး ၊ ကိုကြီးကတော့ နိုးပါ!"ဝမ်ရီပေါ်!!!!"
အိမ်မက်ကမ္ဘာထဲမှာ နှစ်တစ်ထောင်ဝိုင်နှင့်စိမ်ထားသောယုန်စတူးကို အပြတ်လွေးမည်ဟုကြံနေသော ဝမ်ရီပေါ်တစ်ယောက် ဘေးနား ကထိန်းဆောင်းဘောက်ဖွင့်သလိုကြားလိုက်ရသော အသံကြောင့် ပါးစပ်ထဲထည့်ခါနီးယုန်စတူးလေးမှာ ဘိုင့်ဘိုင်ပြသွားလေသည်။
"အင့်!"
မိမိ၏အော်သံအဆုံးငေါက်ကနဲထထိုင်လာသော ဝက်ပေါက်ကိုကြည့်ပြီး ရှောင်းကျန့်လက်နှစ်ဖက်ကိုပိုက်ထားလိုက်သည်။