Chapter 35

319 34 10
                                    

အဟိ အဟိ...ရီပေါ်လေးက I Love My Wife တဲ့လေ...

ငါ့မိန်းမကိုချစ်တယ်...

ငါ့မိန်းမကိုချစ်တယ်...

ငါ့မိန်းမကိုချစ်တယ်...

အောင်မယ်လေးလေး...ရိုလိုက်တဲ့ငါ့လင်လေး...အဟစ်ဟစ်

ကုတင်ပေါ်မှာ ဖက်လုံးကြီးကိုခွကာတစ်ခစ်ခစ်ရယ်လိုက်။ ဟိုဘက်လှည့်လိုက်။ ဒီဘက်လှည့်လိုက်။ ခေါင်းအုံးထဲမျက်နှာကြီးနှစ်လိုက်။ စောင်ခေါင်းမြီးခြုံလိုက်။ ဖင်ဘူးတောင်းထောင်လိုက်။ ခြေထောက်တွေကိုဖြဲလိုက် စုလိုက်။ စိတ်မထိန်းနိုင်တော့လျှင် ဖက်လုံးကြီးကိုယုန်သွားနှစ်ချောင်းနှင့်ကိုက်လိုက်လုပ်နေသည်မှာ ဖက်လုံးကြီးလည်းသားရေတွေရွှဲလို့။ အိပ်ယာတစ်ခုလုံးလဲပွစာတက်နေပြီ။

🎼🎼ကိုယ်ရင်တွေခုန်နေပြီ...ငါအိပ်လို့မရတော့ဘူး...အို အချစ်ကြောင့်ဒီမှာရူးပြီ...🎼🎼🎼

ဟုတ်ကဲ့။ သီချင်းခဏဖြတ်ဆိုကြည့်တာပါ။ ဆက်ပါ့မယ်။

တိတိလေးကငါ့ကိုဘယ်လောက်အရိပ်တကြည့်ကြည့်ရှိလဲဆို ချက်ချင်းကိုငါတင်လိုက်တဲ့ Post ကို Reply တာ။ ဒီလိုဘဲမျိုးနင်တို့မှာရှိကြလား။ ဒီလိုသန်းခေါင်သန်းနွဲကြီး ၀က်ပက်ကြီးထိုင်ဖတ်ပြီးစောင်ကိုက်နေတဲ့ပန်ဒါမတွေကိုဘယ်ဘဲမှလဲကြိုက်မှာမဟုတ်ဘူး။ နင်တို့ကိုမေးနေရတာငါအချိန်ကုန်တယ်။ ဆက်ကြည်နူးလိုက်ဦးမယ်။ အခုနဖုန်းပြောတုန်းကဆိုရင်လေ ငါ့ယောကျ်ားလေးကငါ့ကိုဘာပြောသွားလဲသိလား။ ကောဘယ်လိုနေနေချစ်တယ်တဲ့။ ဘယ်လိုပုံစံဖြစ်ဖြစ်ချစ်နေမှာတဲ့...အဟေး...

နင်တို့လို seen မပြတဲ့ chat box မှာမီးစိမ်းလေးသွားကြည့်နေတာမျိုးမဟုတ်ဘူး။ ပက်ဘလစ်မှာရိုပြတာ😎

မနက်ဖြန်တိတိလေးကဆုပေးပွဲသွားတက်ရမှာ။ ရင်တွေတုန်နေလောက်ရောပေါ့နော်။ အိပ်လို့တောင်ပျော်ပါ့မလားမသိဘူး။ ဖုန်းဆက်ကြည့်ရင်ကောင်းမလား။ အာ...မဖြစ်သေးပါဘူး။ တိတိလေးအိပ်ရေးပျက်ပြီးမျက်ကွင်းတွေညိုနေမှ နင်တို့ပန်ဒါမတွေက တိတိလေးနဲ့ကာပယ်တွေဂိုးလို့ရသွားဦးမယ်။ ၀မ်ရီပေါ်က ငါ့ဟာ!

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant