Chapter 81

156 34 0
                                    

"ရီပေါ်၊ လာလေ၊ မိတ်ကပ်ပြင်မယ်..."

မိတ်ကပ်ဘူးကြီးကိုင်ပြီးအိမ်ရှေ့ဆိုဖာမှာထိုင်ကာ ရီပေါ်ကိုအော်ခေါ်နေသောရှောင်းကျန့်ပါ။ လေကြောင်းခရီးစဥ်တွေကပိတ်ထားဆဲဆိုတော့ အစီအစဥ်ရိုက်ဖို့အိမ်ကပဲ online recording လုပ်ရဦးမည်လေ။

"ဟုတ် ဟုတ်၊ ကော လာပြီ"

ရေမိုးချိုး၊ အ၀တ်အစားလဲပြီးရီပေါ်ကဆိုဖာမှာ၀င်ထိုင်လိုက်တော့ ရှောင်းကျန့်ကထုံးစံအတိုင်းရီပေါ်ပေါင်ပေါ်မှာမျက်နှာချင်းဆိုင်ခွထိုင်လိုက်သည်။

"ငြိမ်ငြိမ်နေနော်ရီပေါ်၊ ဟိုတစ်နေ့ကမျက်ခုံးမွှေးဆွဲတာနည်းနည်းထူသွားတယ်"

"ကျွန်တော်သဘောကျတယ်"

ရီပေါ်ကပြုံးစိစိပြောရင်းရှောင်းကျန့်ခါးသိမ်သိမ်လေးကိုဆွဲဖက်လိုက်သည်။

"ငြိမ်ငြိမ်နေပါဆိုမျောက်လောင်းလေးကလဲ"

ပြင်ပေးနေရတာ သုံးလေးခါရှိတော့ရှောင်းကျန့်လဲအသားကျလာဟန်တူသည်။ မိတ်ကပ်ဘူးထဲမှဟိုဘူးထုတ်ကာရီပေါ်မျက်နှာကိုပွတ်လိုက်၊ ဒီဘူးညှစ်ကာသုတ်လိုက်နှင့် တော်တော်လေးအဆင်ပြေနေသည်။

"ကဲမျက်ခုံးမွှေးဆွဲမယ်နော်"

ဟိုတစ်နေ့ကမျက်ခုံးမွှေးနည်းနည်းတစ်မျိုးဖြစ်သွား၍ဒီနေ့တော့အကောင်းဆုံးဆွဲပေးမည်ဟုရှောင်းကျန့်အားခဲထားသည်။ မျက်ခုံးကိုကျုံ့ကာ အသေအချာလက်ငြိမ်ငြိမ်ထား၍ဆွဲနေသောရှောင်းကျန့်ကသူပန်းချီဆွဲချိန်ထက်ပင်ပို၍အလေးအနက်တွေဖြစ်နေပုံရသည်။

အယ်...အယ်...

ဆွဲနေရင်းလက်ကချော်ထွက်သွားသောကြောင့်လိုင်းမညီတော့သောမျက်ခုံးမွှေးကိုရှောင်းကျန့်လက်နှင့်ပွတ်သုတ်ကြည့်သော်လည်း ရေစိုခံပင်ဖြစ်သောကြောင့်ပျက်မသွားပေ။

ဟင်း...အဆင်ပြေသလိုပေါ့။

မျက်ခုံးမွှေးဆွဲတံတစ်ချောင်းနှင့်ချွေးဒီးဒီးကျနေသောရှောင်းကျန့်အဖြစ်ကို အောက်ကနေမျက်လုံးကြီးမှိတ်ကာပြုံးဖြီးဖြီးလုပ်နေသောရီပေါ်ကတော့ဘာဆိုဘာမှမသိပေ။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant