Chapter 7

744 76 6
                                    

"အင်း ငါလည်းခွေးပေါက်လေး Program တွေမကြည့်ရသေးဘူး။ သူရိုက်နေတာကြာတောင်ကြာနေပြီ။ ဒီနေ့တော့အချိန်ပေးပြီးကိုကြည့်ဦးမှပါ"

အရင်ကအပြင်ထွက်အလုပ်လုပ်တုန်းကတော့တစ်မျိုး။ အလုပ်ကသတ်သတ်မှတ်မှတ်ရှိသည်။ သီချင်းဆိုရင်လည်းသီချင်းဆို၊ ရုပ်ရှင်ရိုက်ရင်လည်းရိုက်၊ မဟုတ်ရင်လည်းပွဲတက်။ ပြီးတာနဲ့ အိမ်ပြန်နား။ ခုတော့အိမ်မှာနေပြီးဘာတွေအလုပ်များလို့များနေမှန်းမသိ။ မနက်မိုးလင်းတာနဲ့ ထမင်းချက်၊ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးလုပ်။

ဒီနေရာမှာအိမ်သန့်ရှင်းရေးဆိုတာလည်းပြောတော့သာလွယ်တာ။ လုပ်ရရင်အများကြီး။ ဟိုဟာလုပ်နေရင်း ဒီဟာသတိရလို့ပေးလုပ်လိုက်၊ ဒီဟာလုပ်နေရင်း နောက်တစ်ခုသတိရတာနဲ့ပြေးလုပ်ရနဲ့ တစ်နေ့တစ်နေ့ဘယ်လိုကုန်မှန်းကိုမသိပါဘူး။ အိပ်ယာထဲရောက်ရင်လူကကိုင်ရိုက်ထားသလိုပဲ။ အိမ်မှာနေပြီးပင်ပန်းတယ်ပြောရင်ပိုတယ်ဖြစ်မယ်။

ဒီကြားထဲ ဟိုမျောက်ဘုရင်လုပ်တာနဲ့ ဖင်နာရတာကအစစ်ပါသေးတယ်။ ကိုယ်ကတော့သူမျက်လုံးလေးကလယ်ကလယ်လုပ်ပြတာနဲ့ကြွေကြွေဆင်းရတာ။

ဘာပဲဖြစ်ဖြစ် ကိုယ့်လင်ရိုက်တဲ့ Program တော့ကိုယ်ကြည့်သင့်တယ်မလား။

ရှောင်းကျန့်အိမ်အလုပ်လက်စသက်ပြီးတော့ snack တစ်ထုတ်နှင့်တီဗီရှေ့ထိုင်ပြီး YouTube ဖွင့်လိုက်သည်။

"အင်း၊ S T R E E T D A N C E C H I N A III"ရှောင်းကျန့်ရီမုဒ်နှင့်စာလုံးတစ်လုံးချင်းစီပေါင်းပြီးဖွင့်လိုက်သည်။

"၀ိုး Episode 1, 2 Full version တွေထွက်နေပြီပဲ၊ အေးလေ၊ သူရိုက်နေတာလဲကြာလှပြီကို"

ရှောင်းကျန့် episode 1 ကိုစဖွင့်လိုက်သည်။

ဟိကလေးလေးကချောလိုက်တာ၊ ငါ့လင်လို့ကိုမပြောရဘူး။ တရုတ်တန်းဘေထုတ်နီးနီးလောက်ရှိတဲ့ အင်္ကျီကို၀တ်ထားတာတောင်အပြတ်အသက်တွေမိုက်နေတော့တာ။ ဟော ဟိုဟာ၊ ကောရိရှင်းလား၊ ကောရိရှင်းလဲချောတာပဲ၊လည်ပင်းမှာလဲ ပုလဲပုတီးကြီးနဲ့ မိမိုက်နေတာ၊ EXO L မို့လို့ပြောတာမဟုတ်ဘူးနော် EXO member တွေအကုန်လုံးကပြစ်မျိုးမှည့်မထင်အောင်ကိုချောတာ။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant