Chapter 41

293 39 3
                                    

"ဒီမှာရှောင်းကျန့်"

"ဟုတ်အကို ကျေးဇူးပဲ"

မန်နေဂျာပေးလာသည့် master key ကိုတစ်ကိုယ်လုံးအနက်ရောင် ဦးထုပ်အနက်ရောင် mask အနက်ရောင်၀တ်ထားသည့် ပျားဖွတ်သမားအယောင်ဆောင်ရှောင်းကျန့်လှမ်းယူလိုက်ပြီး ခေါင်းကိုအောက်ငုံ့ကာဓာတ်လှေကားထဲ၀င်သွားသည်။

ရီပေါ်မန်နေဂျာ၏ခြေလှမ်းများကတော့ ရိုက်ကူးရေးနေရာသို့တစ်ခါပြန်ဦးတည်လျက်...

--------------------------------------------------------------------------

*ဂျောက်

တံခါးကိုဖွင့်ပြီး masterkey ကိုထည့်ထားလိုက်တော့ မှောင်မည်းနေသောဟိုတယ်ခန်းမှာမီးများလင်းသွားသည်။ ပုခုံးပေါ်မှ လွယ်အိတ်ကိုစားပွဲပေါ်တင်လိုက်ကာ အပေါ်၀တ်တို့ကိုချွတ်လိုက်ပြီး တစ်လမ်းလုံးလေယာဥ်စီးလာရ၍ညောင်းကိုက်နေသည့်ခန္ဓာကိုယ်ကိုအနည်းငယ်ရှုပ်ပွနေသော ကုတင်ပေါ်မှောက်ချလိုက်သည်။

"အိုက်ယား....ပင်ပန်းလိုက်တာ...ငါလဲတကယ်ပဲအသက်ကြီးလာပြီထင်တယ်..."

ကုတင်ပေါ်ခြေပစ်လက်ပစ်မှောက်ချလိုက်သော်လည်း ရင်ဘတ်အောက်တွင် ခိုးလို့ခုလုခံစားနေရသောကြောင့်မျက်မှောင်တို့ကြုပ်လိုက်မိသည်။ မှောက်ရက်အနေအထားကနေကုတင်ပေါ်လက်ထောက်ကာထလိုက်ပြီး စောင်ကိုဆွဲလှန်လိုက်တော့ စောင်အောက်မှာ ဂျင်းဘောင်းဘီတစ်ထည်။

"ဟင် ဒါကဘာလို့ဒီကိုရောက်"

ဘောင်းဘီကိုခေါက်ပြီးသေတ္တာထဲထည့်ဖို့ ကုတင်အောက်ကိုခြေထောက်ချပြီးအထ

*ရှလော....

ခြေထောက်ကချောတောတောအရာတစ်ခုခုကိုတက်နင်းလိုက်မိသလိုဖြစ်၍ချောပြီး ကုတင်ပေါ်ပက်လက်လန်ပြန်ကျသွားသည်။ အလန့်တကြားကုတင်အောက်ကိုငုံ့ကြည့်တော့ ပြန့်ကျဲနေသော boxer နှစ်ထည်သုံးထည်။

"၀မ်ရီပေါ် ဒီကောင်ကတော့!"

ကုတင်အောက်ဆင်းပြီး boxer တွေကိုကောက်လိုက်တော့ နောက်ထပ်၀တ်ပြီးမလျှော်ရသေးပုံ‌ရသောတီရှပ်တစ်ထည်ကိုတွေ့လိုက်ရသည်။ ၀မ်ရီပေါ်ရဲ့အခန်းကတော့ တကယ်လက်နက်ပုန်းတွေနဲ့ပါလား။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant