"သွားချင်ဘူးကောရာ..."
ရှောင်းကျန့်နှင့်မျက်နှာချင်းဆိုင်ပေါင်ပေါ်မှာကားယားခွထိုင်နေသည့်ရီပေါ်က ရှောင်းကျန့်ပုခုံးပေါ်ကိုမေးတင်ကာမှီထားပြီးပျင်းတိပျင်းရွဲလုပ်နေသည်။
"အလုပ်တွေရှိသေးတယ်ဆို ရီပေါ်ရဲ့"
"ချီး...အဲ့မုန်တိုင်းကလည်းဘာလို့ကြာကြာမတိုက်တာလည်းမသိဘူး"
ရှောင်းကျန့်နားမှာကပ်ချင်နေတိုင်း သူ့ဟာသူ၀င်ချိန်တန်၀င်ပြီးထွက်ချိန်တန်ထွက်သွားသည့်မုန်တိုင်းကိုလှမ်းအပစ်ဖို့နေသည့် ရီပေါ့်တင်ပါးကိုရှောင်းကျန့်ဖတ်ခနဲရိုက်လိုက်သည်။
"အ ဘာလို့ရိုက်တာလဲလို့..."
မနာသောတင်ပါးကိုဖွဖွလေးလက်ပြန်ပွတ်နေရင်းအမူပိုနေသည့်ရီပေါ်ကိုရှောင်းကျန့်အမြင်ကပ်ကပ်နှင့်ဗိုက်ခေါက်လိမ်ဆွဲလိုက်သည်။
"အာ....အာ....ကော...မဆွဲနဲ့နော်....လွှတ်...လွှတ်...အ"
ဗိုက်ခေါက်လိမ်ခံလိုက်ရသည့်ရီပေါ်က ရှောင်းကျန့်ကိုယ်ပေါ်ကနေလိမ်လိမ်မာမာလေးဆင်းသွားပြီးဆိုဖာပေါ်မှာကုတ်ကုတ်လေးသွားထိုင်နေသည်။
"ကောက သားကိုအနိုင်ကျင့်တယ်"
"ဘာသားလဲ ချီးသားလား"
ဆိုဖာတစ်ဖက်လက်ရန်းကိုမှီကပ်ကာခေါင်းလေးပု၀င်ချင်ယောင်ဆောင်နေသည့်ရီပေါ်ကအလုပ်မသွားချင်သည့်၀က်ငပျင်းလေး။ မုန်တိုင်းသတင်းရှိလို့လေယာဥ်ချိန်တွေဖျက်ထားရသည့်ရှောင်းကျန့်က ပေကျင်းမပြန်နိုင်ဘဲ ဟဲဒန်မှာသောင်တင်နေသည်။ သို့သော် အချစ်နှင့်နှစ်ယောက်အတူတူသောင်တင်ရသည်မို့ပျော်ပါသည်။ အချစ်နဲ့ဆို ပိုလာဘာလီကျွန်းမှာလူရိုင်းလေးနှစ်ကောင်လို အုန်းပင်ပဲတက်စားရစားရပေါ့။ ရီပေါ်ကမျောက်လေ၊ သူတက်ကျွေးလိမ့်မည်။
အခုမုန်တိုင်းငြိမ်သွားတဲ့အချိန်ကျတော့အလုပ်လည်းပြန်စဖို့အချိန်ကျပြီ။ ကိုယ်စီကိုယ်စီအလုပ်ခွင်ရှိရာသို့သွားရတော့မည်လေ။ ရှောင်းကျန့်လည်းဘေကျင်းကိုပြန်ရတော့မည်။ ရီပေါ်လည်းကျန်ကျိုးကိုသွားရတော့မည်။