Chapter 21

409 42 4
                                    

မနေ့ကဟဲနန်ကနေရှောင်းကျန့်တို့နှစ်ယောက်တူတူပြန်လာပြီးပေကျင်းပြန်ရောက်နေကြသည်။ ရီပေါ်ကတော့ Being a hero အတွက်ခရီးပြန်ထွက်ရပေဦးမည်။ ခုတော့ရှားရှားပါးပါးနှစ်ယောက်လုံးအားတုန်းအိမ်ထဲမှာပဲချစ်ကြည်နူးတစ်တီတူးကာအိမ်တွင်းအောင်းဖို့စဥ်းစားထားကြသည်။ ကျားသစ်နက်ကလေးကတော့ယုန်ကြီးကိုအခွင့်ရရင်ရသလိုစားဖို့ကြံစည်နေတာလည်းပါတာပေါ့လေ။

"ရီပေါ်၊ ကောဒီညစာဖက်ထုပ်လုပ်မလို့စားမယ်မလား"

"အင်း စားမယ်ကော၊ ကျွန်တော်လဲကူလုပ်ပေးမယ်လေ"

"ရပါတယ် ရီပေါ်ရာ၊ အိမ်ရှေ့မှာပဲတီဗီကြည့်နေပါ"

"ကူလုပ်ပေးမှာပါဆို ကောကလည်း၊ ကျွန်တော့်ကိုအထင်သေးတာလား"

နှုတ်ခမ်းကတစ်တောင်လောက်ဆူထွက်ချင်နေပြီဖြစ်သောရီပေါ်ကြောင့်ကူလုပ်ပေးရန်ရှောင်းကျန့်ခွင့်ပြုလိုက်ရသည်။

"ရော့ ဒါဆိုဂျုံနယ်ပေး၊ ဘယ်လိုနယ်ရမလဲသိတယ်မလား၊ ဒီလိုလေးနယ်ပြီးလက်ဖနောင့်လေးနဲ့ဖိဖိချပေး၊ လုပ်နေရင်းဂျုံမှုန့်လေးတွေလည်းလိုသလိုဖြူးပေးနော်၊ လုပ်တတ်လား"

"လုပ်တတ်ပြီ"

ရီပေါ်လက်ထဲကိုဂျုံလုံးထည့်ထားတဲ့ဇလုံနဲ့ဂျုံမှုန့်ပန်းကန်ထည့်ပေးပြီး ရှောင်းကျန့်ကတော့ဖက်ထုပ်ထဲထည့်မည့်အသီးအရွက်များနှင့်အသားများကိုပြင်ဆင်နေလိုက်သည်။

အသီးအရွက်များကိုသေချာပြုတ်ပြီးနုတ်နုတ်စင်း၊ အသားကိုလဲထိုနည်းတူစွာ။ တဖန်အသီးအရွက်နှင့်အသားစင်းကောများကိုအရသာမှုန့်များထည့်ကာနယ်လိုက်သည်။ ရှောင်းကျန့်လဲအလုပ်ကိုစိတ်ရောက်နေ၍နောက်ကကလေးပေါက်ကိုလှည့်မကြည့်မိ။ ဖက်ထုပ်ထဲထည့်ဖို့အစာများအသင့်ဖြစ်သွားချိန်မှလှည့်ကြည့်တော့ ဂျုံမုန့်လုံးကြီးကိုသေချာနယ်နေသောအဖြူလုံးလေး။ ခေါင်းတွေပေါ်မှာလည်းဂျုံမှုန့်တွေကဖွေးလို့၊ နဂိုကတည်းကဖွေးဆွတ်နေသောအသားလေးမှာလည်းဂျုံမှုန့်များကစွန်းထင်းလို့။ အထင်ရှားဆုံးကနှာခေါင်းလုံးလုံးလေးပေါ်ကဂျုံမှုန့်ရာကြီး။ တကယ့်ကိုချစ်စရာပုံစံလေး။ ချစ်စရာလေးဆိုပြီးလည်းသွားမစရဲပါဘူး။ နောက်ဆုံးကိုယ်ပဲခံရမှာအသိသာကြီးကို ငါကရူးနေလို့လုပ်ရမှာလား။ ၀မ်ရီပေါ်ဆိုတဲ့နွားသိုးမျောက်ထန်တာတစ်မျိုး၊ ပိုဆိုးတာဒီဖန်ဖစ်သာသာ။ သူမခံရတိုင်းငါ့ကိုအောက်ပို့ချင်နေတာ။ ရှောင်ရှောင်းကျန့်တဲ့၊ တစ်ခါပဲခံမယ်နှစ်ခါမခံဘူး။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant