Chapter 29

337 41 6
                                    

*တင်းတောင် တင်းတောင်

အိမ်ရှေ့မှဘဲလ်တီးသံကြားလိုက်၍ရှောင်းကျန့်နောက်ဖေးတွင်မုန့်လုပ်နေရာမှထွက်လာသည်။ အိမ်ရှေ့ဆိုဖာမှာတော့ရီပေါ်ကပက်လက်။

"၀မ်ရီ‌ပေါ် မင်းမလဲတစ်နေ့တစ်နေ့အဲ့ဖုန်းကိုလက်ထဲကမချနဲ့သိလား၊ ဒီလောက်ဘဲလ်သံကြားနေရတာကိုထွက်မဖွင့်နိုင်ဘူး"

တံခါးဆီကိုအသွားဆိုဖာပေါ်ကရီပေါ်ကိုလမ်းကြုံ၀င်ဟောက်လိုက်တယ်။ ၀မ်ရီပေါ်ကဘာတွေကိုစိတ်၀င်တစား air pod နားမှာတပ်ပြီးကြည့်နေတယ်မသိ။ မျက်မှောင်ကိုကြုပ်လို့။

တံခါးဖွင့်ပေးလိုက်တော့၀မ်မားနဲ့ ၀မ်ပါး။

"မား...ပါး..."

ရုတ်တရက်အကြောင်းမကြားဘာမကြားရောက်လာတဲ့၀မ်မားနဲ့ပါးကြောင့်ရှောင်းကျန့်အံ့ဩသွားမိတယ်။

"မား ပါး၊ ဘယ်လိုဖြစ်လို့ရုတ်တရက်ကြီး"

"ဒီနေ့ပွဲတော်အမှီလမုန့်လုပ်ပြီးလာတာလေ ကျန့်ကျန့်ရဲ့၊ ငါ့သားနဲ့သားမက်ဆီလဲမရောက်တာကြာလို့"

"ဟုတ် ဟုတ် လာလာ မားနဲ့ပါး၊ အထုတ်တွေကျန့်ကျန့်ကိုပေး"

ရှောင်းကျန့် မားနဲ့ပါးလက်ထဲကအထုတ်အပိုးတွေလှမ်းယူလိုက်ကာ မားနဲ့ပါးအနောက်ကနေအိမ်ထဲ၀င်လာလိုက်တယ်။

"ကျန့်ကျန့် အေပရွန်ကြီးနဲ့ဘာတွေလုပ်နေတာလဲ"

"အားရက်လေး အင်တာနက်မှာမုန့်လုပ်နည်းလေးကြည့်ပြီးစမ်းကြည့်တာမား"

"သားကအလုပ်များနေတာ ရီပေါ်ကဘာလုပ်နေတုန်း"

"ဟိုမှာလေ တော့်သားက"

၀မ်ပါး၏အမေးကိုဧည့်ခန်းထဲအရင်ရောက်နှင့်သော၀မ်မားကမေးငေါ့ပြရင်းဖြေသည်။

"ရီပေါ် ရီပေါ် ဒီမှာ မားနဲ့ပါးရောက်နေတယ်"

ရီပေါ်နားထဲက air pod ကိုဆွဲဖြုတ်ပြီးပြောလိုက်တော့မှထလာတယ်။

"မားတို့လာတာသားတို့ကိုဘာလို့အကြောင်းမကြားတာလဲ"

"အစကလာဖို့အစီစဥ်မရှိဘူး။ မင်းမားကပွဲတော်အတွက်မုန့်လုပ်ပြီးတာနဲ့မင်းတို့ကိုသတိရတယ်ဆိုပြီးကောက်ခါငင်ခါထွက်လာတာကွ"

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant