Chapter 20

426 43 0
                                    

အခုတလောရှောင်းကျန့်တစ်ယောက်လည်းရီပေါ်နည်းတူအလုပ်များနေရသည်။ အရင်ပြဿနာတွေဖြစ်တုန်းကရော၊ ကိုဗစ်ကာလတုန်းကရောပစ်ထားသည့်အလုပ်များကပုံနေပေပြီ။ အရင်လက်ခံထားသည့် Brand Ambassador များကလည်းရှောင်းကျန့်အလုပ်ပြန်လုပ်နေပြီဆိုသည့်သတင်းကြားတာနဲ့ကြော်ညာများ၊ photo shooting များအပ်ကြသည်မှာအလုအယက်။ ကိုယ်လည်းတာ၀န်ရှိပြီသားအလုပ်များဖြစ်၍ ပုံနေသောအလုပ်များကိုတစ်ခုပြီးတစ်ခုရှင်းနေရတော့သည်။ ရီပေါ်ကလည်း ဟဲနန်မှာဖြစ်၍အိမ်အတွက်လည်းပူစရာမလို။ ညစာမချက်ချင်လဲအပြင်မှာပဲ၀ယ်စားလိုက်တာများသည်။ အဆင်အပြေဆုံးကတော့ခွေးပေါက်လေးကိုလွမ်းသော‌ေ၀ဒနာကိုအလုပ်လုပ်ချင်းဖြင့်လျော့ကျစေခြင်းဖြစ်သည်။

ဒီနေ့လည်း Gucci အတွက် photo shooting နှင့်အခြားအသေးစားရိုက်ကူးရေးလေးတွေရှိသည်။

လိုအပ်သည့်ပစ္စည်းများအိတ်ထဲထည့်နေတုန်း ဘီရိုထဲမှစက္ကူဘူးတစ်ဘူး။ ယူဖွင့်ကြည့်လိုက်တော့ ရီပေါ်အရင်လွယ်နေကျ Nike အိတ်အဖြူရောင်လေး။ အိတ်လေးကသိမ်းခါနီးတုန်းကရှောင်းကျန့်လျှော်ပေးထား၍ဖြူဖြူသန့်သန့်လေးဖြစ်နေသည်။

ယခုအိတ်ကိုလည်း "ခွေးပေါက်လေးဟာကြည့်မကောင်းတော့ဘူး၊ အရမ်းဟောင်းနေပြီ၊ အသစ်လေးတစ်လုံး၀ယ်‌တော့နော်" ဆိုသောရှောင်းကျန့်၏အတန်တန်ဖြောင်းဖြမှုကြောင့်ပြောင်းလိုက်ခြင်းဖြစ်သည်။ အိတ်အသစ်ပြောင်းတာတောင်အရင်အိတ်နဲ့ပုံစံတူတာကိုမှရွေးသည်။ ဒီတစ်ခါတော့အမည်းယူတော့၊ မင်းညစ်ပတ်ပုံကအမည်းနဲ့မှအဆင်ပြေမှာဟူသောရှောင်းကျန့်အမိန့်စကားကြောင့်အဖြူမှအမည်းပြောင်းသွားခြင်းဖြစ်သည်။ အသစ်လွယ်တာတောင် အဟောင်းလေးကိုခုလိုဘူးလေးနဲ့သေချာသိမ်းထားသေးတာ။ 

"ကျွန်တော်ကအိတ်တေွအများကြီးထည်လဲလွယ်တယ်ဆိုပေမယ့် ဒီအိတ်လေးကိုတော့အလွယ်အများဆုံးနဲ့အကြိုက်ဆုံးပဲ။ ကျွန်တော်သဘောကျတာဆိုရင်ဘယ်လောက်ဟောင်းဟောင်း လွှင့်မပစ်တတ်ဘူး"

ဆိုသောရီပေါ်စကားသံလေးကိုရှောင်းကျန့်နားထဲကြားယောင်လာ၍ပြုံးမိရသေးသည်။ ဘယ်အရာကိုမဆိုအစွဲအလမ်းကြီးတတ်သောကလေး။ တန်ဖိုးထားတတ်သောကလေး။ ချစ်ရခင်ရသောသူများကိုလည်းသံယောဇဥ်ကြီးသည်။ အ၀ါရောင်ပန်းခင်းကြီးမှစခဲ့သောတွေ့ဆုံမှုလေးသည်ယခုလိုအခြေအနေထိဖြစ်လာစေသည်မှာလည်းရီပေါ်၏အခုလိုအကျင့်လေးကြောင့်လဲဖြစ်လိမ့်မည်။ အသေချာဆုံးကတော့

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant