Chapter 13

519 60 6
                                    

*ရီပေါ် ကောအလုပ်သွားပြီနော်

စာတိုလေးတစ်စောင်ပို့ပြီးဖုန်းလေးအင်္ကျီအိတ်ထဲပြန်ထည့်ကာကားပြတင်းပေါက်အပြင်သို့ငေးနေလိုက်သည်။ စိတ်ကတော့သေချာပေါက်ရီပေါ်ဆီမှာပေါ့။ ရီပေါ်ကအောင်မြင်လာတာနဲ့အမျှအလုပ်တွေကလည်းများလာသည်။ လာအပ်သည့်အလုပ်၊ ဇာတ်ကားတွေကတစ်ပုံတစ်ပင်။ Legend of Fei အတွက်လဲပရိုမိုးရှင်းကဆင်းပေးရသေးသည်။ ဇာတ်ကားတစ်ကားပေါက်ဖို့အတွက်မင်းသားနှင့်မင်းသမီးကို couple လုပ်ပေးကြတာပုံမှန်ပင်ဖြစ်သော်လည်းရီပေါ်ကတော့သူနှင့်မဆိုင်သလိုပင်။ အစ်မလီရင်းကလည်းစိတ်သဘောထားပြည့်၀သူမို့တော်သေးသည်။ Being a Hero အတွက်လဲယူနန်ဘက်သွားလိုက်၊ SDC အတွက်ရှန်ဟိုင်းပြေးလိုက်၊ ဒီကြာားထဲ Hunan 818 event concert လဲပြေးလိုက်သေးသည်။ ဒီလောက်အလုပ်တွေရှုပ်နေတဲ့ကြားကအားရင်အားသလိုရှောင်းကျန့်ရှိတဲ့ပေကျင်းလဲပြန်ပြန်ရောက်လာသေးသည်။ ဒီလိုအလုပ်ရှုတ်တဲ့ကြားကဂရုစိုက်တဲ့ယောကျ်ားလေးကိုရထားတာတယ်ကြည်နူးဖို့ကောင်း။ ပြီးတော့ ရှုးဂါးဘေဘီလဲတစ်ခါတစ်လေလုပ်သေးတာ။ သူရှာတာအကုန်ကောအတွက်တဲ့။ မင်းတို့မှာအဲ့လိုဘဲမျိုးရှိလား။ ဘယ်ရှိမလဲငါတို့ကိုဘဲငမ်းနေတာကိုး။ အထူးသဖြင့် ဒီဖန်ဖစ်ရေးတဲ့သာသာ။ တစ်ချက်ထိုးမအိပ်၊ နှစ်ချက်ထိုးမအိပ် ဖန်ဖစ်ထိုင်ရေးတာ။ အက်ပုဒိတ်ကျမှန်မှန်မတင်နိုင်ဘဲနဲ့ ရေးလိုက်ဖျက်လိုက်လုပ်နေတာ။ ဖစ်ကရေးလည်းရေးချင်၊ ဖတ်လည်းဖတ်ချင်နဲ့ ပန်ဒါမျက်လုံးဖြစ်နေသ၍ဒီတစ်သက်ရည်းစားမရဘူးမှတ်!!!

ရှောင်းကျန့်မှာတော့ပြဿနာတွေအကုန်ပြီးသည့်အချိန်လဲစောင့်ချင်သေးတာမို့ကြော်ညာတို့၊ Photo Shootingတို့၊ interview တို့လောက်သာလက်ခံဖြစ်သေးသည်။ Oath of Love အတွက်လဲရီပေါ်ကိုချော့ရဦးမယ်မဟုတ်လား။ ပြဿနာတွေငြိမ်သွားမယ်လုပ်တုန်း OOL bts တွေကထွက်လာလိုက်သေးသည်။ ဘယ်သူတွေကများအဲ့လို bts ကိုကြည့်ပြီးမင်းသမီး၊ မင်းသားကို ship ကြတာပါလိမ့်။ ဒီထက် ro တာထုတ်ပြရလျှင်လည်းဇာတ်ကားတစ်ကားလုံးချပြဖို့သာရှိတော့သည်။ ခုထွက်တာလဲဇာတ်ကားထဲကအခန်းတွေပါပဲ။ ဘယ် bts ရှိမလဲ။ ကတ်ဆိုတဲ့အသံကြားတာနဲ့ရှောင်ရှောင်းကျန့်တို့ကလင်တော်မောင်ကိုပြေးပြေးပြီးဖုန်းခေါ်တော်မူရသေးတာကိုး။ ဒါကြောင့် bts ရိုက်ချင်သပဆိုမင်းသမီးတစ်ယောက်တည်းသာကွက်ရိုက်ဖို့ရှိသည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant