Chapter 67

206 20 2
                                    

"ခွေးပေါက်လေးပို့လိုက်တဲ့ဆပ်ပြာပူဖောင်းကအရမ်းဆော့လို့ကောင်းတယ်ရော်"

ပင်လယ်ကမ်းစပ်တွင် ဆပ်ပြာပူဖောင်းတုတ်လေးကိုင်ကာပျော်နေသောယုန်ညိုလေးကိုကြည့်ပြီးရီပေါ်ပြုံးနေသည်။ ခုတလောရီပေါ်အလုပ်တွေလက်ခံတာတအားများနေ၍‌ကျန့်ကောနားတွင်ကြာကြာမနေပေးနိုင်ပေ။ သို့သော် မျက်နှာတစ်ချက်မပျက်ဘဲခွေးပေါက်လေးအလုပ်ကိုပဲဦးစားပေးဟုပဲပြောနေသော ချစ်ရသူစိတ်မကောင်းဖြစ်နေတာကိုတော့ ဟောဒီကကောင်ကသိတာပဲလေ။ အရင်ကလိုလေယာဥ်လက်မှတ်ခိုး၀ယ်ပြီးပြန်ပြန်လစ်လို့လည်းမရတာမို့သာသည်းခံနေရသည်။ ဒီအချစ်တုံးကြီးကိုထွေးဖက်ချင်နေတာတော့တစ်ပိုင်းကိုသေနေပြီ။

အခုလည်း အွန်လိုင်းပေါ်တွင်ခေတ်စားနေသောဆပ်ပြာပူဖောင်းဘူးလေးများကို၀ယ်ယူပြီး ကျန့်ကောဆီသို့ပို့ပေးလိုက်သည်။ သေချာပေါက်ကိုအတွဲတွေအတွက်ထုတ်ထားတဲ့အထူးပစ္စည်းပဲပေါ့။

"ကျန့်ကောပျော်ရင်ပြီးရော"

"အင်း ဒီလိုဆိုတော့ကောတို့အတူတူရှိနေသလိုပဲခံစားရတယ်"

ဖုန်းစခရင်မ်ပေါ်မှာပေါ်နေတဲ့မျက်နှာလေးကိုဖွဖွလေးပွတ်သပ်လိုက်ရင်းရှောင်းကျန့်ဆိုလိုက်သည်။ ဖုန်းမျက်နှာပြင်တစ်ဖက်ကကောင်လေးကလည်း ရိုက်ကွင်းအနီးနားရှိမြစ်ကမ်းစပ်တွင်ဆပ်ပြာပူဖောင်းလေးများမှုတ်နေသည်။

"ကော ကောင်းကင်ကိုကြည့်လိုက်"

"အင်း"

ရှောင်းကျန့် ရီပေါ်စကားအတိုင်းကောင်းကင်ကိုကြည့်လိုက်တော့လမင်းကြီးကထိန်ထိန်သာလို့။

"ကျွန်တော်နဲ့ကောနဲ့တစ်မိုးအောက်ထဲမှာရှိနေတာသိလား"

"အင်း..."

တိမ်ကင်းစင်နေသောကောင်းကင်ကိုမော့ကြည့်ရင်းရှောင်းကျန့်က ခပ်ပြုံးပြုံးဆိုသည်။

"ကျွန်တော်ကဟိုး...ကကြယ်လေး...ကောကိုကြည့်နေတယ်"

"ကောက အဲ့ကြယ်လေးဘေးနားကကြယ်လေး"

ယုန်သွားလေးများပေါ်အောင်ပြုံးပြနေရင်းပြန်လည်ပြောဆိုလာသောရှောင်းကျန့်ကိုကြည့်ပြီးရီပေါ်အူယားမိသည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant