Chapter 3

318 18 0
                                    

(ပြဿနာဖြစ်ပြန်ပြီဟေ့


"  ဘာကြောင့် တောင်းပန်ရမှာလဲ "

ဤသို့ Leonထပ်မံဆိုလိုက်တော့  သူ့ကိုမော့ကြည့်နေတဲ့ Matthew မျက်နှာကချက်ချင်းတင်းမာလာတယ်။ မာနထိပါးခံလိုက်ရလို့ ဒေါသက ချက်ချင်းဆောင့်တက်လာသည်။

ဘဝမှာ ကိုယ့်ထက်ငယ်တဲ့ကလေးတစ်ယောက်ဆီက မလေးမစားခံရတာ အခုမှပဲကြုံဖူးတော့တယ်။ အနုပညာလောကမှာ ဒါမျိုးလာလုပ်လို့ကတော့ imageချက်ချင်းကျပြီး ဘယ်တော့မှအောင်မြင်မယ်မထင်။

မည်သို့ပင်ဆိုပါစေ ကိုယ့်ထက်အကြီးကိုမခန့်လေးစားတာတော့ မဟုတ်သေးဘူး။

" ဘာ ဒါဆိုငါကတောင်းပန်ရမှာလား what the.."

သူ့မျက်လုံးတွေ တစ်ခြားဘက်ကိုပို့လိုက်ပြီး မျက်စိရှေ့က ကောင်လေးကိုအဖက်ပင်မလုပ်။

Leon က ရယ်သာရယ်နေသည်။ သူ့ရှေ့မှောက်က Matthewကိုကြည့်ကာ အကဲခတ်နေသေးတယ်။ သူက ခေတ်မှီတဲ့ လူငယ်တစ်ယောက် ၊ဒီလူဘယ်သူဘယ်ဝါမှန်း သိတာပေါ့။  ဒါပေမဲ့ တမင်တကာလုပ်ချင်လို့ ဂွင်ဆင်တယ်ဆိုရင်ရော။

မျက်တောင်ကော့ကော့ ရှည်ရှည်လေးတွေနဲ့ အညိုရောင်မျက်လုံးဝိုင်းဝိုင်းတွေကကြည့်ကောင်းသား။ အဖွဲ့ရဲ့ Visualလို့ပြောလို့ရအောင် အတော်ချောတယ်။ နှုတ်ခမ်းပါးပါးနီနီရဲက ဒေါသကြောင့်တုန်ရီနေသည်။ အသားဖြူဖြူဟာ ဒေါသကြောင့် မျက်နှာတစ်ခုလုံးကို နီရဲစေတယ်။

ချောတာ၊ ကြည့်ကောင်းတာကိုလက်ခံပေမယ့် ဒီလောကမှာ အစစ်အမှန်ဆိုတာမှမရှိတာ။အနည်းဆုံး နှာခေါင်းပြင်ထားမလား၊ မျက်ရစ်ဖော်ထားမလား ခွဲစိတ်ဆရာဝန်တွေသာသိလိမ့်မယ်။  အဲ့ထက်စာရင် သူ့ရဲ့ ချောမောကြည့်ကောင်းခြင်းဟာ မွေးကတည်းက အော်ရယ်ဂျင်နယ်။

ခဏအကြာမှာ ခနသည့်သဘောဖြင့်အသံထွက်ရယ်မိပြန်သည်။

" မင်းက ဘာလဲ "

Matthew အမေးကိုသူ,မဖြေ။ မျက်ခုံးတွန့်ပြကာရှိနေတယ်။

ဘယ်ကလူနဲ့လာတွေ့နေမှန်းကို သူမသိတော့ဘူး။ Matthew စိတ်ဆိုးလည်း ဆိုးချင်စရာ။ ပေတေတေနဲ့ လူဆိုးလို လူငယ်ကို အတော်စိတ်ပျက်တယ်။ သူ့မှာ သီချင်းအသစ်ထွက်တော့မှာမို့ သတင်းတွေမတက်ချင်လို့နေကာမှ  မကောင်းတာတွေက နှောင့်ယှက်ပြန်ပြီ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ