Chapter 18⚠️

339 11 0
                                    

 (အလိမ်ခံလိုက်ရတယ်)⚠️

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(အလိမ်ခံလိုက်ရတယ်)⚠️




အဆင့်အတန်းမြင့်ပုံရတဲ့ ဟိုတယ်အဝင်ဝမှာတင် ကားစက်ကိုရပ်လိုက်သည်။ ကြီးကျယ်ပြီး ခေတ်မီသောပုံစံတည်ဆောက်ထားသည့် အဆောက်အအုံကြီးက တကယ့်ကိုMatthew အကြိုက်။ သူ ဖျတ်ခနဲ နာရီကြည့်မိတော့  ညနေသုံးနာရီပဲရှိသေးတယ်။

" ညစာက စောမနေဘူးလား "

သူဒီလိုပြောတော့ Leonက " အစ်ကို အနားယူဖို့လိုတယ် " လို့ပြောလာသည်။ တကယ်ပဲ ဒီကောင် ဘာတွေကြံနေတာလဲ။ သူ စိတ်မချမ်းမြေ့ဖြစ်လာရတယ်။

နောက်ဆုံးမှာ Leonငှားလာတဲ့ပြိုင်ကားထဲက ထွက်လာတယ်။ ဟိုတယ်ဝန်ထမ်းက ကားကိုယူမောင်းပြီး ပါကင်မှာသွားထားသလို သူတို့လည်း ဟိုတယ်ထဲ ဝင်ခဲ့ကြတယ်။

ဒီဟိုတယ်ပုံစံနှင့် အပြင်အဆင်တွေကို Matthew သေချာကြည့်နေခဲ့တာမို့ ဧည့်ကြိုကောင်တာမှာ Leonဘာတွေပြောမှန်းမသိလိုက်ဘူး။ သူ Leonအနားရောက်လာတော့ ဟိုက စကားပြောခြင်းပြီးစီးလို့ လက်ထဲမှာ သော့တစ်ခုကို ကိုင်ထားသည်။

" ဘယ်သွားမလို့လဲ "

" အစ်ကို ကောင်းကောင်းအနားယူဖို့လိုတယ်လေ။ တစ်နေကုန်ဈေးပဲဝယ်နေတော့ ပင်ပန်းမှာပေါ့။ ပြီးမှပဲ ညစာစားရအောင် "

" ငါက... လိုလို့လား "

လှလွန်းတဲ့ မျက်လုံးတွေက Leonကို အံ့ဩစွာကြည့်နေပြီး သူ့ကိုယ်သူ လက်ညိုးထိုးနေသေးတယ်။ Matthew နားမလည်ဘူး။ ဘာလို့ ဒီကောင်လေး ထူးထူးဆန်းဆန်းတွေလုပ်နေတာလဲ။ သူစိမ်းအတွက် ပိုက်ဆံဖြုန်းလွန်းတာ တစ်ခုခုတော့ တစ်ခုခုပဲ။

" ဒါပေါ့ လိုအပ်တယ် "

သူပြန်လည် ငြင်းဆန်မလို့ကြံပေမယ့် Leonက သူ့လက်ကိုကိုင်ကာ အရှေ့က ဦးဆောင်သွားတယ်။ ဒါ့အပြင် ဝယ်ယူထားတဲ့ အိတ်များကို သယ်ကူပေးသေးတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now