Chapter 47

83 7 0
                                    

(နှလုံးသားလေး နာကျင်နေတယ်)


အသစ်ထွက်မယ့် Music Videoရိုက်ကူးတော့မှာမို့ သူတို့အတွက်နှစ်ရက်တာ နားရက်ရတယ်။ မူလက သူ အဖွဲ့ဝင်တွေနဲ့အတူလျှောက်လည်ဖို့ စဉ်းစားခဲ့တာ။ ဒါပေမဲ့ အတွေးထဲဝင်လာတာက သူသဘောကျရတဲ့ လူသားဖြစ်နေတော့ Matthew ဘာမှမတွေးခဲ့ဘူး။

သူအမြန်ပဲ Leonအိမ်ကိုသွားမိတယ်။ စိတ်ထဲမှာ Leonနဲ့အတူတူ အားလပ်ရက်ကို အကောင်းဆုံးဖြတ်ကျော်ကြမယ်ဆိုပြီးလေ။ သို့သော် မထင်မှတ်တဲ့ကိစ္စတွေကြောင့် မဖြစ်လာနိုင်တော့ဘူးထင်ပါတယ်။

Matthewသည် ပင်ကိုဗီဇအရ ဒေါသထွက်လွယ်တဲ့လူဖြစ်တယ်။ ဒါဟာ ငယ်ငယ်ကတည်းနေခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့သက်ဆိုင်နေတယ်။ သူ့ဘဝမှာ ဒီလိုအဖြစ်အပျက်တွေရှိလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး။ အခုလို အားနည်းတဲ့လူဖြစ်နေရတာကလည်း သူမဟုတ်သလိုပဲ။

ဘာတွေကများ Leonရှေ့မှာ သူ့ကိုအားနည်းအောင်လုပ်လိုက်တာလဲ။ ထိုမြေခွေးကောင်ကို ချစ်မိသွားတဲ့ စိတ်ကြောင့်လား။ ချစ်မိရင် အရာရာအလျော့ပေးတတ်ကြတယ်ပေါ့။

" သောက်ရူးပဲ "

ဧည့်ခန်းထဲမှာ တစ်ယောက်တည်းရှိနေရင်း Matthewတီးတိုးပြောမိသည်။

သူ့ရဲ့ သာမန်တိုက်ခန်းလေးမှာရှိနေ၍ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မှောင်မည်းနေသည်။ ဒါပေမဲ့ မီးဖိုခန်းကလျှပ်စစ်မီးကြောင့်သာ ခံသာတယ်။ ယင်းနည်းတူ စားပွဲပေါ်၌ ဘီယာဘူးအလွတ်နှစ်ဘူးကိုလည်းတွေ့ရသေးတယ်။

ဒါ့ပြင် Matthew၏ ကြည့်ကောင်းသောမျက်နှာလေးမှာ မျက်ရည်တွေပေရေနေသည်။ မျက်တောင်ကော့ကော့လေးတွေမှာ မျက်ရည်စတွေညှိကပ်လျက် သူ့နှာခေါင်းထိပ်လေးလည်း နီရဲလို့။ အသားဖြူဖြူက အားစိုက်ငိုထားရသည်ထင်ရစွာ မျက်နှာလေးနီမြန်းနေတယ်။

ပုံမှန်ထိုင်နေကျ မဟုတ်ပဲ သူ့ဒူးနှစ်ဖက်ကိုဖက်တွယ်ထားရင်း ဆိုဖာပေါ်မှာရှိနေသည်။

ခံစားချက်တွေပြင်းထန်နေပြီး သူထိုကိစ္စအကြောင်းအတွေးမရပ်နိုင်သေးဘူး။ ဒါက သူ့ကိုနာကျင်စေမှန်းသိတာတောင် ရူးမိုက်နေမိတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora