Chapter 25⚠️

225 10 0
                                    

(ဖိတ်ကြားခံရတဲ့မွေးနေ့ပွဲ)⚠️




ညပိုင်းအချိန်ဖြစ်ပြီး သူပင်ပန်းစွာ ကုမ္ပဏီကထွက်လာခဲ့တယ်။ မကြာသေးခင်ကမှ ခရစ္စမတ်သီချင်းအသစ်အတွက် Music videoရိုက်ခဲ့တာဖြစ်ပြီး ခရစ္စမတ်ရောက်ခါနီးမှ ထုတ်ပေးမယ်ထင်ရဲ့။

ပေါ့ပါးတဲ့ တီရှပ်အပြာရောင်လက်တိုလေးဝတ်ထားသည်မို့ ညချမ်းလေအေးအေးကို သူခံနိုင်ရည်မရှိဘူး။ Matthew သူ့ကိုယ်သူဖက်ထားမိပြီး Taxiကိုရှာဖို့ကြိုးစားမိတယ်။

ဒါပေမဲ့ အကောင်းစားသပ်ရပ်ပြီးမျက်စိကျိန်းစရာ အနက်ရောင်ပြိုင်ကားက မျက်စိရှေ့မှာရပ်တန့်လိုက်သည်။ ထိုကား၏ မှန်တံခါးချလိုက်မှ မောင်းသူကို အသေချာမြင်ရတော့တယ်။

" ကျွန်တော်လာကြိုတာ တက်လေ "

" ဒါပေမဲ့... "

Matthewနားမလည်စွာကြည့်မိသည်။ ဘာလဲ၊ ဒီအချိန်ကြီးတိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာက ရိုးသားမယ်လို့ တစ်စက်မှမထင်ဘူး။ ဧကန်အမှန်ပြောရရင် Taxiရှာရတာ ဒီအချိန်ခက်ခဲလှတယ်။ ပြီးတော့ သူလည်းပဲ ပင်ပန်းလှပြီ။

တစ်မနက်လုံး ရိုက်ကူးရေးကြောင့်ပင်ပန်းသလို သူခန္ဓာကိုယ်က အရမ်းပင်ပန်းလွယ်ပြီး တဖြည်းဖြည်းထိန်းချုပ်မရတော့ဘူး။ ဒီနေ့တောင် သူအများကြီးဆူခံခဲ့ရတာ။

သူ သက်ပြင်းချမိပြီး ဆုံးဖြတ်ချက်ချကာ Leonရဲ့ကားပေါ်တက်ဖို့တွေးမိတယ်။ ဘာဆက်ဖြစ်မလဲ Matthewမတွေးတတ်ပေမယ့် ဧကန်သူ့အိမ်ကို သေချာပေါက်ရောက်မှာလေ။

" ကောင်းပြီ ငါလိုက်မယ် "

သူဒီလိုပြောတော့ Leonမျက်လုံးတွေ အရောင်လက်သွားပြီး ကားပေါ်မှ ချက်ချင်းဆင်းကာ သူ့အတွက်တံခါးဖွင့်ပေးသေးတယ်။

Matthew ဒီကောင်လေးကိုရယ်မိရင်း သူကားပေါ်တက်ခဲ့မိသည်။ Leonစိတ်ထဲဘာတွေရှိလဲ သူကောင်းကောင်းသိတယ်။ အကယ်လို့ ထပ်ပြီးဆက်ဆံမိကြရင်လည်း ဘာမှမဖြစ်သွားဘူး။ မချစ်ကြိုက်သ၍ ဘာမှဆက်ဖြစ်လာမှမဟုတ်သလို အချိန်ကြာရင် ဒီကောင်လေး သူ့ကို ငြီးငွေ့သွားမှာပဲ။



Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora