Chapter 10

141 16 0
                                    

(စိတ်ဖိစီးမှု)



ဖုန်းကိုအသံပိတ်ထားတာတောင်မှ  တုန်ခါနေတဲ့ဖုန်းတုံ့ပြန်မှုကြောင့် ဖုန်းယူသုံးနေသည့် Adam အာရုံစိုက်မိတော့တယ်။ လက်ထဲမှာဖုန်းနှစ်လုံးကိုင်ထားပြီး အရင်ကဓာတ်ပုံတွေကိုကူးယူနေတာဖြစ်သည်။ ဤဖုန်းပိုင်ရှင်ကတော့ သူ့ဆီဖုန်းပေးပြီးတာနဲ့ အရှေ့ခန်းမှာ အိပ်ပျော်နေရောလေ။

ဖုန်းခေါ်ဆိုမှုလည်း မဟုတ်တော့အတင်းကြီးနိုးမနေဘူး။ လုပ်စရာရှိတာကိုပဲဆက်လုပ်နေကာ အရှုပ်ထုပ် စာတိုကို လစ်လျူရှုလိုက်တယ်။
တစ်ခါလည်းမဟုတ် သုံး,လေးခါလောက်ဆက်တိုက်ဝင်နေတာက မကောင်းဘူး။

ဖုန်းမျက်နှာပြင်ရဲ့notification barက " မြေခွေးလိုကောင် " ဆိုတဲ့အဆက်အသွယ်ဟာ မရိုးရအောင်စာတွေပို့နေသေးတယ်။ Adamတို့လည်း အရင်က အစ်ကိုMatthewရဲ့ ဖုန်းယူကိုင်ဖူးတယ် ဒါမျိုးတွေမရှိပါဘူး။ အခုမှ ဘယ်ကဘာတွေမှန်းမသိ။ သို့သော် ကိုယ့်အလုပ်မဟုတ်လို့  Adamကြည့်တောင်မကြည့်ဘူး။

သူ ဓာတ်ပုံကူးပြီးတော့ Jinnoက တဆင့် Matthewကိုပေးခိုင်းလိုက်တယ်။နောက်ဆုံးတော့ ဖုန်းပိုင်ရှင်အစစ်အမှန်ဆီရောက်သွားသည်။ Matthew အိပ်နေပေမယ့် အခုတော့ ဆက်မအိပ်နိုင်တော့ဘူး။

မကြာခင် ရုပ်သံလိုင်းဖျော်ဖြေပွဲကိုရောက်တော့မှာ သူသိနေတယ်။ မနေ့တုန်းကလည်း ရိုက်ကူးရေးအစီအစဉ်ပြီးသွားတောင် သူတို့တစ်ရက်မှမနားရသေးဘူး။ သုံးပတ်မြန်မြန်ပြီးဖို့ ဆုတောင်းရမှာပဲ။

" ဒီမှာ အစ်ကို့ဖုန်း။ အစ်ကိုAdamပေးခိုင်းလိုက်တာ "

ဘေးမှာထိုင်နေတဲ့ အငယ်လေးက သူ့ကိုဖုန်းပေးလာတယ်။ အသာယူလိုက်ပြီး သူ့ဖုန်းကိုပြန်ယူကြည့်သည်။ ဘယ်ကတည်းက သူ့ဖုန်းကို Adamကိုပေးမိမှန်း မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အပျင်းပြေအောင် ဖုန်းကြည့်လိုက်ပါဦးမယ်။

ဖွင့်ဖွင့်ချင်းမှာ မြင်ရတဲ့ စာတိုပို့မှု notification ကအနှောင့်အယှက်တစ်ခု။
ဘယ်သူရှိရမလဲ မျိုးမစစ်ကောင်ပဲနေပါလိမ့်မယ်။အလုပ်မရှိတိုင်း စာပို့ရအောင် ဆက်သွယ်ရေးကုမ္ပဏီက သူ့အဖေပိုင်တယ်များထင်နေလားမသိ။ ဒီနေ့ခေတ်ကလေးတွေများ ရူးတာအတော်လေး ထိန်းရခက်တယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora