Chapter 46:Little Secret

99 8 2
                                    






လူခေါ်ဘဲလ်သံကြောင့် အေးဆေးမနေရတော့ဘူး။ Lily ဖုန်းသုံးနေရမှ အာရုံပျက်ရပြီ။ သူမတို့နှစ်ယောက်သား ကျောင်းခွင့်ယူထားတုန်း အစ်ကိုဖြစ်သူအိမ်သွားလည်ဖို့ကြံထားတာ။

သို့ပေမယ့် တကယ်တမ်းကျ အစ်ကိုကြီးLeonဟာ အိမ်မှာ သူတို့ညီမနှစ်ယောက်ကိုပစ်သွားပြီး အပြင်ထွက်သွားတယ်။ တကယ့်ကို အစ်ကိုကြီးပီသတာပဲ။

အခုလည်း လာပြန်ပြီ ဘယ်သူမှန်းမသိ ခေါင်းရှုပ်ရဦးမယ်။ Leon၏ အမြွှာညီမနှစ်ယောက်ထဲမှ  အကြီးတစ်ယောက်ဖြစ်သော Lilyသည် မျက်နှာရှုံ့မဲ့၍ ထိုင်ရာမှထလာတယ်။

" Lily ဒီလောက် အသံကျယ်ကြီးကို မကြားဘူးလား။ နင်သေနေတာလား "

မီးဖိုခန်းမှာ Deliveryဖြင့်မှာ ယူထားသော မုန့်တွေကို သေချာပန်းကန်ထဲထည့်၍ Lucyပြောတယ်။ Lily  စိတ်တိုတိုဖြင့်ပဲ အိမ်တံခါးဆီသို့လျှောက်သွားသည်။

မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်ကြောင့် အံ့ဩရပြီး ထိုလူကိုတံခါးမဖွင့်ပေးရင်လည်း မဖြစ်။ ဒီလူက မိမိအစ်ကိုနှင့် သိကျွမ်းတယ်မဟုတ်လား။ လက်ထဲမှာ လက်ဆောင်အိတ်ကိုလည်းယူဆောင်လာတာမို့  သူမ သေချာတွေးတောပြီးမှ ဖွင့်ပေးသည်။

" အိုး "

ထိုသည်က တံခါးဖွင့်လိုက်တော့ ဧည့်သည်၏ အံ့ဩသံ။ Matthew မထင်မှတ်ပဲ Leonရဲ့ညီမတွေကိုတွေ့တော့ အံ့ဩမှင်တက်မိတယ်။

သူ့မှာ အလုပ်အားတုန်းလေး Leonဆီ သတိတရလာခဲ့ရတာ။ Matthew စိတ်ထင် Leonက မီးဖိုခန်းမှာ တစ်ခုခုလုပ်နေလို့၊အလုပ်ရှုပ်နေလို့ သူ့ညီမတွေကို တံခါးဖွင့်ခိုင်းပုံရတယ်။
ဒါပေမဲ့  အိမ်ထဲရောက်တာတောင် Leonကိုမတွေ့ပြန်တော့ သူ့ညီမတွေကိုသာ မေးလိုက်သည်။

" ဒါနဲ့ Leonကော ဘယ်သွားလဲ "

" အစ်ကို မုန့်လာစားပါဦး "

Lucyက သူ့ကို ဧည့်ခန်းထဲခဏထိုင်ပြီး သရေစာများကို စားဖို့ဖိတ်ခေါ်နေလည်း သူ့မှာ ထိုတွင်စိတ်မဝင်စား။ Leonဘယ်သွားလဲဆိုတာပဲ ခေါင်းထဲတွင်ရှိသည်။ ဒီတလော Leonစိတ်ထိခိုက်မှာစိုးလို့ Matthew ဖုန်းမဆက်သလို၊ အလိုက်တသိနေပေးခဲ့တာလေ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora