Chapter 68

79 6 0
                                    

(တရားခံက ဘယ်သူလဲ၂)




နှစ်ရက်နီးပါးရှိနေသေးတာတောင် Web Newsမှာ ဒီမကောင်းသတင်းကရှိနေတုန်းပဲ။ မှတ်ချက်တွေမှာလည်း သူကိုဆဲဆိုထားကြပြီး ရည်စားဆိုတဲ့Tomဘက်က နာနေကြတဲ့လူတွေ။ တော်တော်တရားကြတာပဲလို့ သူတွေးမိရင်း စိတ်အားငယ်လာမိသည်။

ဘာပဲဖြစ်ဖြစ် ယခုတစ်ခါမှာ သူတစ်ယောက်တည်းအဆဲခံရလို့တော်သေးတာပေါ့​။ အတိတ်တုန်းက အဖြစ်မျိုးဆို သူ့အဖွဲ့ဝင်တွေအများကြီးထိခိုက်ခဲ့ရတယ်။ ယှဉ်ကြည့်လိုက်ရင် နည်းနည်းတော့ စိတ်ချမ်းသာရာရပေမယ့် တကယ်ကျ ထို့သို့ဟုတ်မနေ။

သူ့ စိတ်အစုံက ထိုကိစ္စထဲမှာရှိနေပြီး တစ်ချိန်လုံး ဒါချည်းတွေးနေတော့  အစ်ကိုကြီးWaren မနေသာတော့ဘူး။ သူ့ကို စိတ်မကောင်းစွာငေးကြည့်ကာ

" ကိုယ်ဖြေရှင်းပေးမယ်လေ။ မင်းဒီလိုတငိုင်ငိုင်ဖြစ်နေတာကို ကိုယ်မကြည့်ရက်ဘူး "

သို့သော် Matthewမှာ Warenအား ပြုံးရယ်ပြပြီးခေါင်းခါမိသည်။ နှုတ်ခမ်းပါးက စကားလုံးတွေမထွက်လာတာ ကြာလှပြီ။ အရမ်းတိတ်ဆိတ်သွားပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ Matthewက လုံးဝပြောင်းလဲသွားတယ်။

Waren အမြဲသူ့ဘက်က ကူညီမယ်ပြောတိုင်း Matthewလက်မခံချေ။ ဒီနေ့နှစ်ရက်တိုင်အထိဖြစ်နေတော့ သူလည်းစိတ်လျော့လိုက်ရပြီး  သဘောမကျစွာ အိမ်ကထွက်သွားလိုက်ရသည်။

စင်စစ် သူMatthewဘေးမှာ အတူနေပေးချင်ပေမယ့် အလုပ်တွေကိုလက်လွတ်လို့မရတော့ သူ မတတ်နိုင်ခဲ့ချေ။ စိတ်အစဉ် Matthewဘေးနားရှိနေသော် လက်တွေ့တွင်တော့ အလုပ်ကိစ္စသာ နံပါတ်၁ဖြစ်နေခဲ့သည်။ မည်မျှပင် သူနေချင်ပါသော် မဖြစ်နိုင်ခဲ့ပဲ။

သူ မတတ်သာဖြစ်လျက် ဧည့်ခန်းထဲမှာထိုင်နေသော Matthewကို စိတ်မချစွာကြည့်နေခဲ့ပြီး အမြန်ထွက်သွားလိုက်သည်။


___________



အစ်ကိုကြီးWaren အိမ်ကထွက်သွားပြီးမကြာလိုက် အချိန်ခဏကြာတဲ့နောက် အိမ်ထဲ လူစိမ်းတစ်ယောက်ရောက်လာပြန်ပြီ။ မနေ့က သူအိမ်ထဲဝင်ဖို့ခွင့်မပြုပေမယ့် နေ့တိုင်းနီးပါးလာနေတော့ အိမ်ထဲဝင်ဖို့ ခွင့်ပြုခဲ့ရတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora