Extra 2

64 5 0
                                    




မကြာခင် မေလရောက်ရှိတော့မည်။ အတိအကျပြောရရင် မနက်ဖြန်မေလ နှစ်ရက်နေ့ရောက်ရှိမည်။ Matthewရဲ့မွေးနေ့ဖြစ်ကြောင်းဆိုလိုခြင်းသာ။ ထို့အတွက် ဒီတစ်ပတ်တာမှာ ဘာအလုပ်မှလက်မခံထားမိဘူး။ အမှန်မှာ Matthewဤကဲ့သို့ ဈေးမရတဲ့ ခပ်သေးသေးကြော်ငြာတွေကိုရိုက်နေစရာမလိုဘူး။

ဒါပေမဲ့လည်း အိမ်မှာချည်းပျင်းသေအောင်မနေချင်တာမို့ ဒီလိုတွေလုပ်နေမိခြင်းဖြစ်သည်။ Vocalသင်တန်းတွေပေး၊ ဒါမှမဟုတ် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှာ နည်းပြအဖြစ်လုပ်ရင်တောင် အဆင်ပြေဦးမှာ။ သို့သော်လည်း အမည်းစက်များစွာစွန်းထားတဲ့ သူ့လိုလူကိုဆို လက်ခံဖို့တွန့်ဆုတ်ကြမှာအမှန်။ ထို့ကြောင့် ဒါကပဲအဆင်ပြေနေပါပြီ။

နှစ်ခြိုက်စွာအိပ်ပျော်ရမယ့် သူဟာ အိပ်မပျော်နိုင်ဘူး။ အတူတူ ဘေးဘီမှာနှစ်ခြိုက်စွာ အိပ်ပျော်နေသည့် Leonကိုကြည်မိပြန်တော့  ကောင်းမွန်စွာအိပ်ပျော်နေသည်တဲ့။ Matthewသာ အိပ်ရာပေါ်မှာ တစ်ယောက်တည်း စိတ်မချမ်းမြေ့ဖြစ်ရသည်။

မနက်ဖြန်ရောက်လာတော့မယ့် မွေးနေ့အတွက်လော၊ ဒါမှမဟုတ် Leonက သူ့မွေးနေ့ကိုမေ့နေတာကြောင့်လော။ ရင်ဘတ်ထဲမှာ နည်းနည်းတော့ အဆင်ပြေမနေပါ။ အမှန်ဆို Leonသိကိုသိသင့်တာမလား။

ဘာကြောင့်မို့ ဒီလိုချည်း ပုံမှန်နေ့ရက်လိုမျိုးပြုမူနေတာလဲ။ မဟုတ်မှလွဲရော အလုပ်တွေကို လက်စသတ်ရင်း သူ့မွေးနေ့ကို လုံးလုံးမေ့လျော့သွားတာမျိုးတော့ မဟုတ်ဘူးမလား။ အကယ်လို့ ထိုသို့ဖြစ်ခဲ့ရင်တော့ သူငိုမိမလားမသိ။

အေးစိမ့်သော ညချမ်းအချိန်မှာ စောင်ခြုံထားလျက် နှစ်ခြိုက်စွာအိပ်ပျော်နေသော Leonကိုကြည့်ရင်း အိပ်ချင်စိတ်တစ်စက်မှမရှိဘူး။ အခုချိန် Leonကိုနိုးပြီး "မနက်ဖြန် ငါ့မွေးနေ့သိရဲ့လား"လို့ လုပ်ရအောင်ကလည်း သောက်ရမ်းကလေးဆန်လွန်းတယ်။

သူသည် အသက်၃၀ကျော် အမျိုးသားတစ်ယောက်၊ ဒါလေးနဲ့ ပတ်သတ်ပြီး လေးလေးလံလံမရှိနေရမှာ မှန်ပေမယ့် ဘာကြောင့်ကလေးဆန်နေလဲ မသိ။ ကိုယ့်ကိုကိုယ် ရင့်ကျက်တယ်လို့ ခံစားမိသော်လည်း တစ်ခါတစ်ရံ ဒီအကျင့်တွေမပျောက်နိုင်ဘူး။ အထူးသဖြင့် သူချစ်သော Leonနှင့်ဆိုရင်ပေါ့။


Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora