Chapter 91⚠️

122 7 0
                                    

(အိမ်တွင်းပြဿနာ)⚠️

" ကိုယ်ပြောထားတယ်လေ အဲ့ကုမ္မဏီနဲ့စာချုပ်မချုပ်နဲ့လို့ "

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.



" ကိုယ်ပြောထားတယ်လေ အဲ့ကုမ္မဏီနဲ့စာချုပ်မချုပ်နဲ့လို့ "

" ဟေ့ကောင် ငါစာချုပ်ချုပ်နေလို့လား။ ကမ်းလှမ်းခဲ့တာပါဆိုမှ။ Leon ငါပြောတာကိုနားထောင်ရဲ့လား "

သူ စိတ်တိုမိ၍ ဆိုဖာပေါ်မှာထိုင်လိုက်သည်။ အခုတလော သူတို့ကြားထဲအဆင်မပြေလာတော့ဘူး။ အကြောင်းအရင်းဟာ ဘာမှန်းရှာမတွေ့ပေမယ့် အခုတော့တွေ့လာပြီ။ ဤကား အစ်ကိုကြီးWarenရင်းနှီးမြှုပ်နှံထားတဲ့ W studioက ရုတ်တရက်ကမ်းလှမ်းလာခြင်းပဲဖြစ်တယ်။

ဘယ်လိုလုပ် နည်းပညာသမားက ရုပ်ရှင်လောကကိုထိုးဖောက်လာလည်းမသိပေမယ့် ဒီကိစ္စက သူ့အပေါ်ဆိုးရွားစွာသက်ရောက်သည်။ အထူးသဖြင့်Leon.

မျက်နှာထက်မှာ သဘောမကျကြောင်းထင်ရှား၍ မျက်ခုံးနက်နက်တို့တွန့်ရှုံ့ကာ Matthewကို စေ့စေ့ကြည့်သည်။ မတ်တတ်ရပ်လျက် သူ့အသက်ရှူသံတွေပြင်းထန်ကာ မကျေမနပ်ဖြစ်နေတယ်။

" ဒါဆိုသူနဲ့ဘာလို့ စကားအကြာကြီးပြောနေတာလဲ။ အဲ့ကောင်က ဟန်နီအတွက်ဘာတွေကောင်းနေလို့လဲ။ ကိုယ်ဘယ်နားမှားနေတာလဲ ပြောလေ "

" ငါ အစ်ကိုကြီးနဲ့စကားပြောတယ်ဆိုတာ သာမန်သက်သက်ပဲ။ မင်းထင်နေသလိုမဟုတ်ဘူး "

ဧကန်လည်း သူ့ကိုချစ်ပါတယ်ဆိုသော အစ်ကိုကြီးကိုငြင်းခဲ့ပြီး Leonကိုရွေးချယ်ကတည်းက သိသင့်တာပေါ့။ ဒါပေမဲ့ Leonက အရာအားလုံးကိုထိန်းချုပ်ချင်နေတာလဲ။ အထူးသဖြင့် သူနှင့်အစ်ကိုကြီး အတူရှိနေရင်ကို မျက်စိဒေါက်ထောက်ကြည့်တတ်တယ်။

သူ Leonကိုနားလည်ပေးလိမ့်မယ်ထင်ထားတာ၊ သို့ပေမယ့် အတိတ်ကကိစ္စတွေကြောင့် လက်မခံချင်သေးပုံပဲ။ အမှန်လည်း သူနှင့်အစ်ကိုကြီး ဘာမှ,မှားမနေဘူးလေ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora