Extra 1

97 6 0
                                    



ဆောင်းတွင်းကုန်ဆုံးသွားပြီးနောက် နေရထိုင်ရအဆင်ပြေလာသည်။ အပူချိန်များလာကြောင်း ခံစားရ၍ နွေဦးရောက်ဖို့သိပ်မကြာတော့ဘူး။ သို့ပေသော် ယခုထိတိုင် သူတို့ရဲ့ရွှေ့ပြောင်းခြင်းကိစ္စက စလုံးရေပင်မစရသေးချေ။

ပြည်ပမှာအခြေချဖို့ရှိပေမယ့် အခုထိတော့ Z cityမှာပဲရှိနေသေးတယ်။ Matthewအလုပ်တွေရှုပ်မနေပေမယ့် သူ့ရဲ့ပုံမှန် ကြော်ငြာတစ်ချို့ကတော့ လက်ခံရရှိဆဲ။ ဒါက သူ့အတွက်အများကြီးဖိအားမရှိသလို အဆင်ပြေတာမို့ ဆက်လုပ်နေမိသည်။ သို့သော် L.Aကိုပြောင်းတဲ့အခါ ဒီအရာတွေအကုန်ထားခဲ့ရမယ်ထင်ရဲ့။

ဒီနေ့အလုပ်ပင်ပန်းလာတာကြောင့် အိမ်ရောက်ပြန်ရောက်တာနဲ့ ချက်ချင်းတန်းအိပ်မိသည်။ Leonကတော့ DIA productionမှာပဲ အချိန်ကုန်ဆုံးနေပြီး အိမ်ပြန်လာဖို့တောင် စိတ်ကူးရှိမှာမဟုတ်ဘူး။

ညနေလေးနာရီထိုးတဲ့အခါ Matthewအိပ်ရာမှထလာပြီး ပျင်းရိစွာဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်လှဲနေသည်။ စားပွဲပေါ်က ဖုန်းကိုယူကာ Leonကိုဖုန်းဆက်ဖို့ ကြံရွယ်မိတယ်။ သို့ပေသော် သူဘာကြောင့် မကောင်းတဲ့အငွေ့အသက်ကိုခံစားနေရတာလဲ။

တွဲတာတစ်နှစ်နီးပါးရှိနေပြီ နှစ်ပတ်လည်နေ့ဘာညာဆိုပြီး Leonခေါင်းထဲမရှိဘူးလား။ ရောက်ရှိလာတော့မယ့် သူ့မွေးနေ့အတွက်လည်း အစီစဉ်ရှိပုံမပေါ်ဘူး။ဒါထားပါတော့ သူချည်းစိတ်ပင်ပန်းရတယ်။

Matthew လေပူတွေမှုတ်ထုတ်ရင်း ဖုန်းမျက်နှာပြင်ကိုတွေတွေကြီးကြည့်နေမိသည်။ Leonကိုဖုန်းဆက်ရမလား ဒါမှမဟုတ် ဒီတိုင်းလေးနေလိုက်ရမလား။ သူတို့ပြောင်းဖို့ လုပ်နေတဲ့အခါ Leonအလုပ်က ဒီတိုင်းထားခဲ့လို့မရသလို လုပ်လက်စ ပရောဂျက်တွေနဲ့ကော ရှုပ်နေမှာနားလည်တယ်။ ဒါပေမဲ့ အားတဲ့အချိန်လေးတော့ စာပို့ရင်ကို သူ့ဘက်ကကျေနပ်ပါတယ်။

ပျင်းရိလွန်းတာမို့ မီးဖိုခန်းဘက်ထွက်သွားကာ တစ်ခုခုအစာပြေစားဖို့ကြံရွယ်မိသည်။ အမှန် Matthew ရှယ်ပျင်းသည်။ microwaveထဲထည့်ပြီးနွေးလိုက်ရုံတင်ရသော ပီဇာရှိနေတာတောင် လိမ္မော်သီးကိုသာ ယူစားလိုက်တယ်။ ဒီအသီးအနှံက ဗိုက်မပြည့်တာနားလည်ပေမယ့် သူကိုက ပျင်းရိသည်မို့ ခံပေါ့။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Tahanan ng mga kuwento. Tumuklas ngayon