Chapter 33

120 9 0
                                    

(ချစ်သူရည်းစားတွေ မဟုတ်ပေမယ့်)




အချိန်နေ့ရက်တွေ လျှင်မြန်စွာကုန်ဆုံးခဲ့သည်။ ယခုဆို ဖေဖော်ဝါရီလကိုရောက်ရှိနေပြီ။ တစ်လက ဘာလိုလိုနှင့်ကုန်ဆုံးသွားခဲ့တာကြောင့် တစ်အိမ်ထဲအတူတူနေတဲ့ သူတို့ကြားမှာ ရင်းနှီးမှုတွေတိုးတက်လာခဲ့တယ်။

အိုးချင်းထားအိုးထိ ဆိုတာမျိုးထက် အသွေးအသားချင်း ရင်းနှီးနေတဲ့တစ်လျှောက်လုံး သူတို့ကြားထဲအဆင်ပြေဖို့ပဲရှိသည်။ဤသို့ အဆင်ပြေလာတာနှင့်အမျှ အပြုမူတွေဟာ စိတ်ရင်းကိုဖော်ပြမိတယ်။

မီးဖိုခန်းထဲ၌ Matthewတစ်ယောက် အလုပ်ရှုပ်နေသည်။ရေခဲသေတ္တာကိုဖွင့်ပြီး ရှာလိုရှာ၊ ဗီရိုတွေကို ဖွင့်လိုဖွင့်နဲ့ သူတစ်ခုခုကိုရှာနေပုံရတယ်။ မကြာသေးကမှ internetထဲက ကိတ်လုပ်နည်းvideoတွေကိုကြည့်ပြီးနောက် သူလည်း ကိုယ်တိုင်လုပ်ချင်စိတ် ဖြစ်ပေါ်လာတယ်။

အားနေ အိပ်လိုက်၊စားလိုက်၊ဇိမ်လေးနေတာက ကောင်းပါရဲ့။သို့သော် နေ့စဉ်ရက်ဆက်ဆို ပျင်းမနေဘူးလား။ ဒီတလော Matthew Recoveryဖြစ်လာတာမကြာသေးဘူး။ သူ ယခု စိတ်အဆင်ပြေပြီး သက်တောင့်သက်သာခံစားရတာကြောင့် မုန့်ဖုတ်ဖို့စဉ်းစားမိတယ်။

ဧကန်က သူဈေးဝယ်ထွက်ချင်နေတာ။ တစ်လနီးပါး အိမ်ထဲမှာနေရတော့ home shoppingကို လုံးဝစိတ်မပါတော့ဘူး။ ယခုလည်းကြည့် မုန့်ဖုတ်ဖို့အတွက် ပစ္စည်းတွေမစုံချေ။ Matthew ရင်ထဲမှာ ပန်းပွင့်တွေပွင့်၍ ဝေဆာနေသော ဥယျာဉ်တစ်ဖွယ်။

သူ့မျက်နှာလေးပြုံးရွှင်စွာဖြင့် ခြေလှမ်းများပေါ့ပါးစွာ ဧည့်ခန်းထဲလျှောက်လာခဲ့သည်။

" မတွေ့ဘူးလား "

" အင်း ပစ္စည်းတွေအစုံမှမရှိတာ ငါတို့ဈေးသွားဝယ်ရအောင်လေ "

Matthew အားထက်သရောပြောပေမယ့် Leonမျက်ခုံးတွေကြုတ်လျက် ထိုင်ခုံမှာထိုင်နေပြီး သူ့အားကြည့်၍

" မဖြစ်ဘူး သတ်မှတ်အချိန်မပြည့်မချင်း ဘယ်မှထွက်လို့မဖြစ်ဘူး "

" ဒါပေမဲ့ ငါဘယ်မှထွက်မပြေးပါဘူး။ ကတိတည်ပါတယ်။နော် Leon "

ချက်ချင်းကို Leonဆီပြေးသွားပြီး ဘေးတွင်အသာထိုင်ကာ သနားစဖွယ်အမူအရာဖြင့် Matthewပြောသည်။ မည်သို့ပင် ဖြစ်ပါစေ ဒီကနေ့ ပြင်ပက လေကိုရှူရှိုက်ဖို့ အဓိကဖြစ်နေခဲ့တယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Opowieści tętniące życiem. Odkryj je teraz