(မွေးနေ့လက်ဆောင်)🔞
ညနေရောက်မှ သူတို့အခန်းထဲကိုပြန်ရောက်လာခဲ့တယ်။ ညနေစာစားခဲ့ပြီး အနီးအနားမှာ လမ်းလျှောက်ခဲ့သေးသည်မို့ ပင်ပန်းလှပြီ။
အမှန်ဆို Leonက ညမှဟိုတယ်ပြန်ဖို့တွေးထားတာ။ သို့သော်လည်း Matthewက ပင်ပန်းနေပြီနားကြစို့ ဆိုလာတာကြောင့် သူအလျော့ပေးလိုက်ရတယ်။ တကယ်တမ်းဆို သူတို့ဒီခရီးရှည်ကြောင့် အနည်းငယ်ပင်ပန်းရသည်။ ဒါပေမဲ့ ဒါကအထူးအထွေးမှမဟုတ်ပဲ။
Matthew သာ စိတ်ပင်ပန်းပြီး ဘာမှမလုပ်နိုင်ဖြစ်သွားပုံရတယ်။ သို့မဟုတ် ဆေးမသုံးရလို့ ဂျစ်နေတာလဲ ဖြစ်နိုင်တယ်။
အခန်းထဲရောက်တော့ ဥရောပစတိုင်လ် ခန်းနားသည့်အပြင်အဆင်များက ဆီးကြိုနေတော့သည်။ အထက်တန်းစားပုံစံရှိပြီး ရည်မွန်ကြော့ရှင်းတင့်တယ်သည့် အသွင်အပြင်ရှိလှတယ်။
တစ်လျှောက်လုံး ခေတ်မီတဲ့ဟိုတယ်တွေချည်းတွေ့လာခဲ့သမျှ ဒီလိုမျိုးစတိုင်လ်က ထူးဆန်းသား။ သို့သော်လည်း နားနားနေနေဖို့ကသာ အရေးကြီးသည်မဟုတ်လား။ Matthew ဘာမှမတွေးတော့ပဲ အိပ်ရာပေါ်လှဲအိပ်မိတယ်။
ဒါပေမဲ့ ချက်ချင်းထထိုင်ပြီး Leonကိုတစ်ချက်ကြည့်သည်။
" ဒီမှာတော့ ငါ့ကို မလုပ်ဘူးမလား "Leonရဲ့ကျယ်လောင်စွာ ရယ်သံကိုသာကြားလိုက်ရပြီး သူလည်း နည်းနည်းတော့ သိမ်ငယ်စိတ်ဝင်လာတယ်။ ဘာလဲ ဒီအတွက်ကြောင့် ငါ့ကိုလှည့်စားတာလား။
ဒေါသကချက်ချင်းလောင်မြိုက်လာပြီး ထပ်မံ၍ Leonကိုပြန်ကြည့်တယ်။
" ကျွန်တော့်ကိုအဲ့လိုမကြည့်ပါနဲ့ဗျာ။ အစ်ကို့ကို ဘာလုပ်မိလို့လဲ "
KAMU SEDANG MEMBACA
Tʜᴇ Dᴀʀᴋ [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]
Romansaသူနဲ့သာ မတွေ့ဆုံဖြစ်ကြရင် ချစ်မိမှာမဟုတ်သလို "အမှောင်"ထဲမှာစမ်းတစ်ဝါးဝါးလမ်းလျှောက်နေမိခဲ့မှာမဟုတ်ဘူး။ [ Note:ဇာတ်အိမ်နှင့် ဇာတ်ကောင်များအားလုံးက စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး မည်သူ့ကိုမှထိခိုက်လိုခြင်းမရှိပါ။ ကြမ်းတမ်းသည့်စကားလုံးများနှင့်ဇာတ်ဝင်ခန်းမ...