Chapter 8

139 14 8
                                    

(သောက်ကျိုးနည်း ကုမ္ပဏီ)




တစ်ရက်ပြီးတစ်ရက်သာကုန်ဆုံးသွားတယ် ယခုထိ ပရိုမိုးရှင်းအချိန်ဇယားကမပြီးဆုံးနိုင်သေးဘူး။ အမျိုးမျိုးကိုသော showတွေ၊ ရေဒီယိုအင်တာဗျူးတွေကို သွားရလွန်းလို့ ကားဘီးတွေပါးလုနီးပါး။ ယင်းနည်းတူ သူတို့လည်းပင်ပန်းလွန်းတယ်။

ဒါဟာ ပရိတ်သတ်တွေနဲ့ထိတွေ့ဆက်ဆံရတဲ့ အခွင့်အရေးမို့သာ သည်းခံနိုင်တာ။ မိတ်ကပ်ထူထူက ပါးပြင်ပေါ်မှာ နာရီများစွာရယ် ပြီးတော့ပြင်းထန်တဲ့ မီးရောင်များစွာက အသားအရေကို ထိခိုက်စေတယ်။ သူ,မကြိုက်တဲ့ ဖျော်ဖြေရေးအတွက် အဝတ်တွေ။ ဒါတွေအကုန်Matthew တကယ်စိတ်ပျက်တယ်။

သူသည်းခံနိုင်တဲ့လူထဲမှာ မပါဝင်ပေမယ့် ၈နာရီအထက် ဒါကြီးခန္ဓာကိုယ်ပေါ်တွင်ရှိနေတာတော့ မဟုတ်သေးဘူး။ နားထဲမှာ သီချင်းသံမြူးမြူးကြွကြွနှင့်အတူ စိတ်ထဲမှာ လိုက်ဆိုနေမိသည်။

လိုက်ပါစီးနင်းမိတဲ့ ကားပေါ်မှာ သူတစ်ယောက်တည်းမို့ ပျင်းစရာအတော်ကောင်းတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေ ရုပ်သံလိုင်းကို ပရိုမိုးရှင်းအတွက်သွားကုန်ပြီ။ သူကတော့ တစ်ကိုယ်တော် အစီအစဉ်တစ်ခုမှာ ပါဝင်ရမယ်​့ ကိစ္စတွေကြောင့် နောက်မှ ထွက်လာရသည်။

ကုမ္ပဏီကလည်း တကယ်စာနာစိတ်မရှိဘူး။ သူ သဘောကျလား ဘာလားမမေးဘဲ အစီစဉ်တွေကို တွန်းပို့တော့တာပဲ။ ပြီးတော့ ဒရမ်မာဇာတ်လမ်းတိုမှာလည်း ဧည့်သည်သရုပ်ဆောင်လုပ်စေချင်သေးတယ်။  သူတကယ်နားမလည်တော့ဘူး။

Matthew စိတ်ညစ်စွာ သက်ပြင်းအကြိမ်ကြိမ်ချမိနေတယ်။ ဖိအားအရမ်းများလွန်းလို့ ဘာလုပ်ရပါ့မလဲ။

ပုံမှန်သွားနေတဲ့ ကားဟာ ရုတ်တရက်ဘာဖြစ်သွားလဲမသိ ရပ်တန့်သွားတယ်။ စိတ်ပူပန်မှုက တဖန်မြင့်တက်လာရသည်။ဤကားတွင် မန်နေဂျာလည်းတစ်ယောက်မှမပါလာဘူး။ ကုမ္ပဏီက PR ဝန်ထမ်းလေးရယ် ယာဉ်မောင်းတစ်ဦးရယ် သူအပါအဝင် သုံးယောက်တည်း။

" ဘာဖြစ်တာလဲ "

" မသိဘူးဗျ။ ရုတ်တရက်ကြီး စက်ကထိုးရပ်သွားတာ "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora