Chapter 19

165 11 0
                                    

(ဆေးလိပ်သောက်တာကိုမုန်းတယ်)



နောက်ဆုံးသော ဖျော်ဖြေပွဲကို ထိုင်ဝမ်မှာ အဆုံးသတ်လိုက်ပြီးနောက် မွေးရပ်မြေကိုပြန်လာခဲ့ကြတယ်။ အချိန်ဇယားတွေ ကုန်ဆုံးသွားတဲ့အတွက် သူတို့အတွက် အားလပ်ရက်တွေ ရလာခဲ့ပြီ။

သို့သော် လက်ရှိမှာကိုယ့်အိမ်ကိုယ်မပြန်ရသေးဘူး။ ခရီးမှပြန်ရောက်တာမကြာသေးတာမို့ သူတို့အားလုံးအဆောင်မှာပဲရှိနေသေးတယ်။ ပစ္စည်းတွေထုတ်ပိုး၊သန့်ရှင်းရေးလုပ်ပြီးကာမှ ပြန်ဖြစ်ကြပါလိမ့်မယ်။

ညနေအချိန်ရောက်နေပြီဖြစ်သလို ဧည့်ခန်းထဲမှာစုဝေးကာရှိနေသည်။ Benနှင့် Adamက စားပွဲပေါ်မှာစကားလုံးဆက်တမ်း ကစားနေ၍ အားနေတဲ့ Jinnoလည်းဝင်လာတော့တယ်။

" မင်းမပါနဲ့စမ်း "

" အစ်ကိုကလည်း ကျွန်တော်လည်းကစားချင်လို့ပါ "

Jinnoကမျက်နှာငယ်လေးနှင့် မည်မျှပင် တောင်းပန်ပြောဆိုပါစေ Adamက ဂရုပင်မစိုက်။ ဒီတော့Benဝင်ပါမှဖြစ်တော့မယ်။ သူ ဒီကလေးနှစ်ယောက်ကိုကြည့်ကာ သက်ပြင်းချမိသည်။

" ရော့ ရော့ မင်းတို့ပဲကစားလိုက် "

" ဒါဆို အစ်ကိုကရော "

Ben Adam၏အမေးကို မဖြေရသေးခင် အခန်းထဲကနေ ဖရိုဖရဲထွက်လာတဲ့ Matthew ။ ဖရိုဖရဲ ဆံပင်ကပင့်ကူအိမ်တောင်ကပ်နေသေးသည်။ ထို့အပြင် အိမ်နေဝတ် အဝတ်အစားနှင့် တံမြတ်စည်းကိုကိုင်ထားတယ်။

" Ben ငါ့ကိုကူညီပေးဦး။ ဒါတွေမရှင်းတတ်တော့ဘူး "

" မင်းဖာသာ ဖင်ယားပြီးဖွထားတာမလား "

Ben အဲ့လိုမေးလိုက်တော့ Matthew မျက်နှာကမဲ့၍ မကျေနပ်စွာကြည့်သည်။

" ဟုတ်မနေဘူး။ ငါ့အခန်းထဲမှာပင့်ကူအကြီးကြီးတွေ့လို့ လိုက်သတ်ရင်း ဖွမိသွားတာ။ ငါ့အပြစ်မှမဟုတ်ပဲ "

" မသိပါဘူး။ ကျွန်တော်က အစ်ကိုမနက်ဖြန်အိမ်ပြန်မှာမို့ သန့်ရှင်းလုပ်တယ်ထင်နေတာ "

" အဲ့ကောင်လား သန့်ရှင်းရေးလုပ်မှာ။ သုံးလနေမှတစ်ခါ သန့်ရှင်းလုပ်တဲ့လူက၊ သူ့အခန်းထဲမှာ မြွေတွေကင်းတွေရှိချင်ရှိမှာပေါ့  "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora