Chapter 12

119 12 0
                                    

(ထပ်တွေ့ပြန်ပြီလား)





ခေါက်ဆွဲခြောက်တွေထားတဲ့ တန်းမှာ နှစ်ယောက်သားအတူရှိကြရင်း Leon သူ့ကိုအခုထိ ဘာစကားမှပြောမလာဘူး။ စိတ်တိုင်းကျ ဇိမ်ပြေနပြေ အမျိုးအစားတွေရွေးနေလိုက်သေးတယ်။

လည်သာဂျက်ကပ်နှင့် အနက်ရောင်ဆံပင်။ ယင်းနည်းတူ ကြည့်ကောင်းတဲ့ ရုပ်ချောချောနှင့် ခြေတံရှည်ရှည်ကြီးတွေက တကယ်လိုက်ဖက်လှသည်။ ဒါပေမဲ့ Matthew စိတ်မကြည်တာက စိတ်မကြည်တာပဲ။

သူ ဒီနေ့တစ်နေကုန် သူများနောက်ပဲ လိုက်ကူနေရမှာလား။ စိတ်ပျက်စရာကောင်းလိုက်တာ။ ဟိုလူတွေကလည်း သိသိရက်နဲ့ စေတနာတစ်စက်မရှိဘူး။ သူတို့အပူမပါရင်ပြီးရောဆိုပြီး လုပ်ချသွားတယ်။

လက်ထဲ လက်တေးခွက်ကလည်း ကုန်ပြီ ။ သူဝယ်ထားတဲ့ သရေစာလည်း ဟိုနွားသားလေး Adamက ယူသွားတယ်။ ယခုလက်ဗလာနှင့် မြေခွေးကောင်နောက်မှာ ကိုယ်ရံတော်လေးလို နေရတာကဘာလဲ။ ကျက်သရေတုံးချက် ။ ကိုယ့်ကိုကိုယ်တောင် အားနာလာပြီ။

" ဟေ့ကောင် မင်းဒီတစ်သက် ခေါက်ဆွဲဝယ်လို့ပြီးမှာလား "

" sorryဗျာ။ ကျွန်တော် ဘာဝယ်ရမှန်းမသိလို့။ အစ်ကို ရွေးပေးကြည့်ပါလား "

ချိုချိုသာသာ လုပ်နေပုံက ဘာလဲ။ သူ့ကို စရိုက်အမျိုးမျိုးပြရအောင် ဒီကောင်က ရုပ်ရှင်မင်းသားလည်းမဟုတ်။ ပြီးတော့ ဒီကောင်လေးဘာမှန်းတောင် မသိသေးတာ ဟုတ်တော့မဟုတ်သေးဘူး ။

" ရော့ ဒါကောင်းတယ် "

သူစိတ်မရှည်စွာ Leonကိုကြည့်လိုက်ပြီး လက်လှမ်းမီရာက ခေါက်ဆွဲဘူးကို ယူပေးလိုက်တယ်။ ကောင်းလား၊မကောင်းလား မသိဘူး။ စားကြည့်ရင်တော့သိမှာပဲ။

" ကျေးဇူးပါဗျာ။ ဒါနဲ့ အစ်ကိုကော မစားတော့ဘူးလား "

" တော်စမ်းပါ ကလေးကလားတွေ မင်းပဲဝအောင်စား "

Matthew စကားကိုကြားတာနဲ့ နောက်ထပ်နှစ်ဘူးလောက်ထပ်ဝယ်မယ့် Leonရဲ့လက်တွေ ရပ်တန့်သွားတယ်။ ထို့နောက် သူလျှောက်ပတ်ပြီးဝယ်နေသေးသည်။

အနောက်က Matthewမှာ ကလေးထိန်းလိုလို၊ ကိုယ်ရံတော်လိုလို။ ဖျော်ရည်သောက်စရာနား ရောက်တော့ Leonက ဘီယာနှင့် အချိုရည်ဘူးတွေကို ခြင်းထဲထည့်နေတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora