Chapter 77

73 6 0
                                    

(ကျော်ကြားဖို့လက်လျော့လိုက်ပြီ)



ဒီအရပ်ကို Matthewတစ်ခါမှမရောက်ဖူးဘူး။သူ သိရှိခဲ့ပေမယ့် တစ်ခါမှအခြေချဖူးတာမဟုတ်ဘူး။ DIA productionကုမ္ပဏီထဲသို့ သူရောက်ရှိနေပြီး ဤကိုLeonနှင့်အတူလာခဲ့သည်။

ဧကန်Matthew ဒီကိုမလာချင်ဘူး။ ဒီကိုလာပြီး သူဘာဖြစ်သွားမှာမို့လို့လဲ၊ဘာမှဖြစ်လာမှမဟုတ်သလို Leonကိုတမင်ဒုက္ခပေးနေမိမှာမျိုး သူ,မလိုလားပါ။သို့သော် မျက်လုံးများကစားလျက် ထိုကုမ္ပဏီအတွင်းပိုင်းကို စေ့စေ့ကြည့်ရှုမိသည်။

ခေတ်မီသည့်အသွင်ရှိ၍ ကျယ်ဝန်းကာ နာမည်ကြီးဖျော်ဖြေရေးကုမ္ပဏီလို့ထင်ရသည်အထိ။ ဒါပေမဲ့ ဒါဟာထုတ်လုပ်ရေးကုမ္ပဏီဆိုတဲ့အကြောင်း ခေါင်းထဲရိုက်သွင်းမိမှ တော်ကာကျသွားတယ်။ လူတွေဟာ သူနဲ့Leonအတူ ယှဉ်တွဲလမ်းလျှောက်လာတာကိုဝိုင်းကြည့်နေကြသည်။

" ပုံမှန်ဆို ကျွန်တော်အဲ့လိုအကြည့်မခံရဖူးဘူး။ ဟန်နီက တော်တော်နာမည်ကြီးတာပဲ "

" မကောင်းတဲ့သတင်းတွေမှာ နာမည်ကြီးလား "

သူ ရယ်မောမိရင်းLeonပြောလိုက်သည်။ တကယ်တမ်းMatthew ဒီဂုဏ်ပုဒ်တွေကို မုန်းသထက်မုန်းတီးလာတယ်။ ဘာကြောင့်မှန်းမသိသော်လည်း ဖြစ်နိုင်ရင် တိုးတိုးတိတ်တိတ်လေးပဲနေချင်တော့တယ်။

" အဲ့လိုမပြောပါနဲ့။ကျန်တဲ့လူတွေ ဘယ်လိုထင်မြင်လဲဂရုမစိုက်ဘူး။ကျွန်တော့်အတွက်တော့ ဟန်နီကတောက်ပတဲ့ကြယ်ပွင့်လေးပဲ "

" ဟား ဟား ဟား "

ရယ်စရာမရှိပေမယ်​့ Matthew ရယ်မောမိတာဟာ ခပ်အက်အက်အသံဖြင့်။ ကြေကွဲပုံရပြီး ဒီလမ်းကြောင်းကိုစိတ်နာနေကြောင်းထင်ရှားလွန်းနေတယ်။

Leonလည်း Matthewမျက်နှာကိုကြည့်မိကာ သဘောပေါက်သွားသည့်အတွက် နှုတ်ဆိတ်လျက်  ရုံးခန်းကိုဦးတည်မိသည်။ သူ Matthewကို ကုမ္ပဏီအလည်လာဖို့ဖိတ်ခေါ်ခဲ့ရုံသက်သက်။ ဒါပေမဲ့ သူ့အကြံစည်မှားသွားပုံရတယ်။

ဟန်နီ ထိခိုက်ရမယ်မှန်းသိရင် သူခေါ်လာခဲ့မှာမဟုတ်ဘူး။ အခုတော့ သူကိုယ်တိုင်နာကျင်စေမိပြီထင်ရဲ့။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Où les histoires vivent. Découvrez maintenant