Chapter 38:Boyfriend

106 11 0
                                    

ဒီနေ့အကလေ့ကျင့်ပြီး ပြန်လာတော့ လူက တစ်ကိုယ်လုံးပင်ပန်းနေပြီ။ ဟိုမှာ ရေချိုးခဲ့တာမှန်ပေမယ့် ခန္ဓာကိုယ် ကိုက်ခဲ၊နာကျင်ခြင်းကရှိနေဆဲ။ မဟုတ်မှလွဲရော အသက်ရလာလို့လား။

ငယ်ငယ်တုန်းက ဒါမျိုး အရိုးအကျောကိစ္စမျိုးမဖြစ်ဖူးဘူး။ ယခုတော့ နည်းနည်းနာချင်သလိုမျိုး စတင်ခံစားနေရပြီ။ ဒါဟာ အသက်အရွယ်ကြောင့်လော၊ ၅လနီးပါး ကခြင်းနှင့်ကင်းကွာခဲ့သောကြောင့်လော။

Matthewသေချာမသိပေမယ့် ဒီထက်ပိုဆိုးလာရင်တော့ ဆေးခန်းဘာညာပြဖို့ စဉ်းစားထားတယ်။ ယခုတွင်တော့ ဖုန်းထဲကနာရီကိုတစ်ချက်ကြည့်ကာ ဆိုဖာပေါ်လှဲလျောင်းနေ၏။

ည၉နာရီသာရှိနေသေးသည်မို့ သူမအိပ်ချင်သေး။ ထို့နည်းတူ စားပွဲပေါ်က ဝယ်လာတဲ့ ပေါင်မုန့်ကိတ်မုန့်တွေကို ညလယ်စာအဖြစ်စားပြီးမှ အိပ်ရာဝင်ဖို့လုပ်ထားသည်။

ယခုတော့ သီချင်းလေးနားထောင်ဦးမယ်လို့ Matthew ရည်ရွယ်လိုက်တယ်။ သူအကြိုက်ဆုံး သီချင်းplaylistကိုဖွင့်ပြီး အေးဆေးသက်သာစွာ အနားယူနေသည်။

Matthew ပုံမှန်အားဖြင့် ခပ်မြူးမြူး hiphopကိုသာသဘောကျပေမယ့် အနားယူတဲ့အခါ ခပ်ငြိမ့်ငြိမ့်သီချင်းတွေကို နားထောင်ဖြစ်တယ်။ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးပုဒ်မြောက် သူ့မျက်လုံးတွေ ငိုက်မျဉ်းလုနီးပါပဲ။

ထိုစဉ် ဧည့်သည်အချက်ပြခေါင်းလောင်းသံကို ကြားလိုက်ရသည်။ ဤသို့ သူ့ရေချိုးခန်းထဲထိ ကြားရတဲ့ အသံကြီးက နီးနီးနားနား ဧည့်ခန်းဆိုရင်ဖြင့်။ ယင်းအသံကြောင့် Matthewပင် ငိုက်မရတော့ချေ။

သူ့မှာ ခပ်မြန်မြန်ပဲ နိုးလာခဲ့သလို ဆိုဖာပေါ်လျက်ပင် ' ဘာလဲ 'ဆိုပြီးတွေးမိတုန်း။ ဒီအချိန်ကြီးမှ ဘာလဲဟ မုန့်တွေစားစရာတွေမှာထားပါဘူး။ ထို့အပြင် ဒီအချိန်က ပစ္စည်းပို့ချိန်လည်းမဟုတ်တော့ သူ့မှာခေါင်းစားရသည်။

သူ့ရဲ့အားလပ်ချိန်ကို ဖျက်လိုဖျက်ဆီး လုပ်တဲ့လူက ဘယ်သူလဲဆိုပြီး ဒေါသထွက်လျက် တံခါးဆီဦးတည်သွားတယ်။ တစ်လျှောက်လုံး သူ မကျေမနပ်ဖြစ်နေပြီး အရေးမပါ၊အရာမရောက်တဲ့ဟာဖြစ်လို့ကတော့ အော်ဆဲဖို့ အဆင်သင့်ပဲ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Hikayelerin yaşadığı yer. Şimdi keşfedin