Chapter 27

160 9 0
                                    

(ဇာတ်ညွန်းတွေက လက်တွေ့မှာရှိနေတယ်)



​စူးရှတောက်ပသည့် နေအလင်းရောင်ကြောင့် ဆက်အိပ်လို့မရတော့ပြီ။ဟိုလိမ့်ဒီလိမ့် ပေတေနေပြီး အိပ်ရာထဲမှာခပ်ကြာကြာနေခဲ့တယ်။ သို့သော်လည်း အိပ်မပျော်တာမို့ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။

ထို့ကြောင့်ပဲ Matthew ပျင်းရိစွာ အိပ်ရာမှ ထလာခဲ့သည်။ သူထိုင်လို့မရတာကြောင်​့ မှောက်လျက်အနေအထားဖြင့် ကုတင်အောက်ဆင်းဖို့ ပြင်လိုက်မိတယ်။

နာကျင်တာကတော့ သေလောက်အောင်ကိုပဲ။ ဘေးဘီကိုကြည့်မိလေပြန်တော့ Leonကိုမတွေ့ရ။ ထိုအစား ညမီးအိမ်စားပွဲပေါ်က စာရွက်ကလေးနှင့်အတူ ဆေးကဒ်တစ်ခုကိုသာ တွေ့ရသည်။

အကိုက်အခဲပျောက်ဆေးမှန်း သူသိပြီးသားမို့ အထူးတလည်ဂရုမစိုက်ဘူး။ သူ မှောက်လျက်အနေအထားဖြင့်ပဲ ကုတင်ပေါ်မှာရှိလျက် စာရွက်တိုလေးကိုသာ ယူကြည့်တယ်။

> ကျွန်တော်အရေးကြီးကိစ္စရှိလို့ အစ်ကို့အနားမှာမရှိပေးနိုင်တာတောင်းပန်ပါတယ်။ မနက်ဖြန်အတွက် လေယာဉ်လက်မှတ်နဲ့ဒီမှာကုန်ကျသမျှ ကျွန်တော်ရှင်းမှာမို့ အစ်ကိုစိတ်ပူစရာမလိုဘူး။ အစ်ကို အဆင်ပြေသလို အနားယူပါ။                             by Leon  <

       
Matthew ထိုစာရွက်ကို ကြည့်ပြီး သူကျယ်လှောင်စွာ ရယ်မောလိုက်သည်။တော်တော့်ကို ရယ်ရပါလား။ သောက်ကျိုးနည်း ဒါ ဘာအထာလဲ။ သူ့ကို ဘယ်လိုသဘောထားသွားတာလဲ။

လုံးဝကို စပွန်ဆာအချိုးမျိုး။ ဒီလိုမှန်းသိရင် သူဒီကောင်ကို စေတနာမထားပါဘူး။အခုတော့ သူ့ရဲ့အသုံးမကျမှုတွေကြောင့် ခံရပြန်ပြီ။ Leonကို သဘောမကျဘူးဆိုတာ မှန်ပေမယ့် ဘာကြောင့်အငြိမ်ခံနေလဲ သူ့ကိုယ်သူနားမလည်တော့ဘူး။

" fxxk သောက်ချီးပဲ "

သူစိတ်တိုစွာ အော်မိပြီး ထားရစ်ခဲ့တဲ့ မြေခွေးသားကိုအကြီးအကျယ် အော်ဆဲနေလိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင်နာကျင်ရတဲ့အထဲ ဒဏ်ရာကလာပေးသေး။ တွေ့သမျှပတ်ဝန်းကျင်ကော ပတ်သတ်ရတဲ့ လူမှန်သမျှကိုက သူ့ကိုကောင်းကျိုးမပေးကြဘူး။ ယခုလည်းကြည့် Leonကြောင့်ဖြစ်ရပြန်တယ်။ တော်တော့်ကို စိတ်ဓာတ်ကောင်းကြတာပဲ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Hikayelerin yaşadığı yer. Şimdi keşfedin