Chaper 13

114 12 0
                                    

(မနှောင့်ယှက်စမ်းနဲ့)





သန့်စင်ခန်းထဲမှာ CCTVလည်း မရှိနေသလို ၊အခြားလူများလည်း ဤနေရာတွင်ရှိမနေဘူး။ ဒီတော့ လုံခြုံတဲ့နေရာလို့ဆိုရမယ်​။ယခု သူတစ်ယောက်တည်းရှိနေတာမို့ အတော်လေး စိတ်သက်သာရတယ်။

Matthew မကြာခင်ကမှ အပေါ့သွားထားတာမို့ ယခုသူ့လက်ကိုအားရပါးရဆေးနေမိသည်။ ကြည်မှန်လင်တဲ့ မှန်ကိုကြည့်ကာ သူ့ကိုယ်သူ သုံးသပ်နေသေးတယ်။

မျက်လုံးကြီးကြီးတွေက ဝိုင်းစက်နေရုံမက ယောက်ျားဆန်သော မျက်နှာအချိုးအစား။ မျက်ခုံးမထူမပါးနှင့်နှုတ်ခမ်း ပါးပါးလေးကလွဲလို့ ခြုံကြည့်ရင် ချောမောတဲ့အမျိုးသားပါပဲ။ သို့ပေမယ့် သူအခုကြုံတွေ့နေရတဲ့ ကိစ္စကြီးနဲ့ ပတ်သတ်ပြီး စဉ်းစားကြည့်ရင် လုံးဝမသက်ဆိုင်ဘူး။ဘာကြောင့် လူငယ်လေးက လာကြိုက်နေရတာလဲ။

သူအသိစိတ်မကပ်စွာ လက်ကိုဘယ်နှစ်ကြိမ်ဆေးနေမိမှန်းမသိတော့ဘူး။ လက်တွေကတော့ အတော်ရေနူးနေပြီ။Matthewချက်ချင်းပဲ ဘေစင်ကရေကိုပိတ်လိုက်တယ်။ နောက်တစ်ဖန် မှန်သားပြင်ကိုထပ်ကြည့်မိသည်။

ဒီတစ်ခါမှာ သူတစ်ယောက်တည်း မဟုတ်တော့ဘူး။ ကြည်လင်သောမှန်သားပြင်ဟာ သူနှင့်အတူ အခြားတစ်ဦးကိုပါဖော်ပြပေးနေတယ်။ ဒီမြင်ကွင်းကြီးက Matthewကို စိတ်ထိခိုက်စေပြီး သူလုံးဝမနှစ်မြို့ဘူး။ အကယ်၍ သူစားပြီးသမျှအန်မိမယ်ဆို အန်လည်း အန်နိုင်သည်။

ဘယ်ကတည်းက ဒီမြေခွေးသားလေးရှိနေခဲ့တာလဲ။ သူကိုယ်၌က အတွေးလွန်ပြီး Leonရှိနေတာကိုမသိခဲ့ဘူးတဲ့လား။

" ဖုန်းဆက်မရအောင် ဘာလို့ နံပါတ်ပြောင်းလိုက်တာလဲ "

သူ့အနားသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့တဲ့ Leonဟာ  သူ့ခါးသိမ်သိမ်ကိုအသာဖက်ကာ နားထံသို့ ဖြေးညင်းစွာမေးခွန်းထုတ်တယ်။

Matthew မှန်သားပြင်ကတစ်ဆင့်မြင်ရတဲ့ ဤမြင်ကွင်းကို သူမယုံနိုင်ဘူး။ လောကကြီးက ဘာဖြစ်ကုန်တာလဲ။သူ့ခါးပေါ်မှာရစ်ပတ်နေတဲ့ ထိုသူရဲ့ လက်တွေက လုံးဝကို စိတ်အနှောင့်ယှက်ဖြစ်ရတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Opowieści tętniące życiem. Odkryj je teraz