Chapter 51

90 7 0
                                    

(နစ်နာသူက ဘယ်သူလဲ)




ညတိုင်းနီးပါးအိပ်မပျော်ဘူး။ အခုတလောသူ အပြင်မသွားဖြစ်တာကြာပြီ။ ကုမ္ပဏီကိုမသွားဖြစ်သလို အခန်းထဲမှာချည်းအချိန်ကုန်နေမိသည်။

တစ်ခါတစ်ရံBenတို့ လာလည်တတ်ပေမယ့် သူတို့တွေအမြဲတမ်းလာနိုင်ပါ့မလား။ အခုတော့လည်း သူဟာ တစ်ယောက်တည်းဖြစ်နေတယ်။

အရင်ကလည်း Matthew တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ ဒီလိုအခက်အခဲနဲ့ကြုံတွေ့တဲ့အခါ တစ်စုံတစ်ယောက်ကို သတိရနေမိသည်။ လွန်ခဲ့တဲ့နှစ်အစ ဇန်နဝါရီတုန်းက သူဒုက္ခရောက်ပြီး ခက်ခဲခဲ့တုန်းLeonကအတူရှိနေပေးခဲ့တယ်မလား။

အရင်တုန်းက တစ်ယောက်တည်းရင်ဆိုင်ခဲ့ရပေမယ့် Leonကြောင့် သူခံစားရသက်သာခဲ့တယ်။ အခုလည်းပဲ ခက်ခဲချိန်မှာ ပထမဆုံးသတိရမိတဲ့လူဟာ Leonဖြစ်နေတယ်။ ထိုလူက သူ့အပေါ်ကောင်းခဲ့ဖူးတာမို့ Matthew သတိရနေတာမဆန်းဘူး။

ဒီကြားထဲ သူတို့နှစ်ဦးသားချင်း တရားဝင်လမ်းခွဲထားတာလည်းမရှိသေးဘူး။ ဒီတိုင်း စကားမပြောဖြစ်တာ၊မတွေ့ဖြစ်တာလေးပဲရှိတယ်။ လုံးဝကြီး မပတ်သတ်တာမှမဟုတ်ပဲ။

Matthew အချစ်မှာနစ်မျောပြီးနောက် သူ့မှာအရှက်ဆိုတာ မရှိတော့ဘူးထင်ရဲ့။ ယခုတွင်လည်းပဲ Leonက သူကိုအရင်လို ကာကွယ်ပေးမယ်၊ဂရုစိုက်ပေးမယ်လို့ထင်နေမိတုန်း။ ခက်ခဲချိန်တော့ သူ(Leon)ဟာ သူ့အတွက် အကောင်းဆုံးလူသားဖြစ်ပေးသင့်တယ်မလား။

မို့ရာပေါ်မှာထိုင်နေရင်းမှ ပြူတင်းမှန်စေ့စေ့ကြည့်နေသည်။ သူ့မှာ သွားရမလား၊မသွားရဘူးလား ဝေခွဲမရဖြစ်နေတယ်။

ပါးပြင်ကိုဖွဖွစမ်းမိတော့ မျက်ရည်များက ခြောက်ကပ်မနေ။ စိုနေတုန်းဖြစ်၍  ဒါဟာ ခုလေးတင်ငိုထားကြောင်း သက်သေပြသည်။ Matthew ဒါကိုလစ်လျူမိပြီး အိပ်ယာပေါ်ထပ်မံလှဲချမိတော့တယ်။

နေလည်ခင်းအချိန်မှာ အိပ်ချင်တာမဟုတ်ဘူး။ သူ့ကိုယ်သူ ဘယ်လိုလုပ်ရမလဲမသိ။ လမ်းပျောက်နေသလို၊ မျော်လင့်ချက်မဲ့သလို ခံစားနေရခြင်းသာ။


________



နှစ်ဝက်နီးပါးအတူတူနေခဲ့ကြတာမို့ လျို့ဝှက်နံပါတ်ဟာ သူ့ဦးနှောက်ထဲကပျောက်ကွယ်သွားမှာမဟုတ်ဘူး။ လက်ချောင်းများက မှတ်မိနေတဲ့ ကိန်းဂဏန်းတစ်ချို့ကိုနှိပ်မိသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora