Chapter 7

173 14 0
                                    

(အလုပ်များတဲ့တစ်ပတ်တာ)


UNI'Zအဖွဲ့ရဲ့ သီချင်းအသစ်ဟာ လူကြိုက်အများဆုံးဖော်ပြသည့် Music Chartsတွေမှာ Top 3 အထိနေရာယူလာသည်။ ၁နှစ်ကြာမှ ထွက်တဲ့သီချင်းဖြစ်သလို နာမည်ကြီးproducer TYရဲ့ လက်ရာဖြစ်တာတစ်ကြောင်း တော်တော်များများရဲ့ နှုတ်ဖျားမှာ ဒီသီချင်းကနာမည်ရနေတယ်။

ဖုန်းထဲကနေ ဤသတင်းကို ကြည့်ကာ အမျိုးသားတစ်ဦး ကျေနပ်စွာရယ်သည်။ ရယ်လည်းရယ်ချင်စရာကောင်းနေတာကိုး။ B class အဆင့်အဖွဲ့က အခုတော့ A classတွေကို ကျော်တော့မှာလား။

" A class အဖွဲ့ကုမ္မဏီတွေကတော့ ပရိုဂျူဆာကောင်းကောင်းရှာရတော့မှာပဲ "

Leonကျေနပ်အောင် ရယ်မောလိုက်ပြီး သူ့ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်သည်။ တကယ်တမ်း သူ့မှာ လုပ်စရာတွေမှအများကြီး ဝေဖန်နေဖို့အချိန်မရှိဘဲ။

ထိုင်နေရမှ ထရပ်ကာ တစ်နေရာကိုသွားဖို့ အသင့်ဖြစ်နေတယ်။ အသံသွင်းခန်းမှာ တစ်ယောက်တည်းရှိနေခဲ့တာမို့ အဘယ်သူကိုမှ နှုတ်ဆက်စရာမလိုဘူး။ ပြီးတော့ ဒါက သူ့ရဲ့အသံသွင်းခန်းလည်းမဟုတ်ဘူး။ အသိတစ်ယောက်ရဲ့ studioမို့ ဝင်ထွက်လွယ်တဲ့ နေရာတစ်ခုသာ။

ကော်ဖီခွက်အလွတ်ကိုယူကာ လက်တစ်ဖက်က ဖုန်းကိုကိုင်လျက် အရပ်ရှည်ပြီး ချောမောသည့်အမျိုးသားအခန်းထဲကထွက်သွားနှင့်ပြီ။


________



ဆူညံနေသည့် ပတ်ဝန်းကျင်က အိပ်မပျော်အောင်ဖျက်စီးပစ်တယ်။ မနက်တုန်း က အစောကြီးထလာတာမို့ အိပ်ရေးသိပ်မဝချင်။ မနေ့တုန်းက Matthew ၁၁ကျော်မှအိပ်ရာဝင်ခဲ့တယ်။ မနက်၃ခွဲနာရီထပြီး ကုမ္မဏီသွားရသေးသည်။ ဒါမှလည်း ၄နာရီခွဲအမှီ အဖွဲ့ဝင်တွေနဲ့အတူ Music showကိုလာနိုင်မှာလေ။

တကယ်ပင်ပန်းလွန်းလို့ တစ်ခါတစ်ရံ ဒီအလုပ်ကို စွန့်လွှတ်ပစ်ချင်လာတယ်။ ဒါပေမဲ့ အစ်ကို ပြောပြောနေသလို ဘဝမှာ ဘယ်အရာမှမလွယ်ဘူးဆိုတာလေးနဲ့ သူမှာဖြေသိမ့်နေရသည်။ တကယ်က Matthew သီချင်းဆိုရတာကိုသဘောကျခြင်း တစ်ခုတည်းကြောင့်သာ။

ငယ်ငယ်တုန်းက ရူးသွပ်ခဲ့တာဟာ အခုလက်တွေ့လုပ်နေရတော့ ရင်ခုန်ဖို့တောင် မကောင်းဘူး။ တစ်ခါတလေ ပျင်းရိဖွယ် နေ့စဉ်အလုပ်တွေလိုပဲ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Tempat cerita menjadi hidup. Temukan sekarang