Extra 10

85 7 0
                                    




" နှာဘူးကောင် သေအောင်သောင်းကျန်းထားပြီး အခုကျလှည့်တောင်မကြည့်ဘူး။ ဟေ့ကောင် ငါခေါ်နေတာမကြားဘူးလား "

" ကျွန်တော်လာပါပြီဟန်နီရဲ့။ ဘာလို့လဲ "

အိပ်ရာထဲမှာလှဲလျောင်းနေရပြီး ခန္ဓာကိုယ်က ထိခိုက်ဒါဏ်ရာတွေကြောင့် ကျိန်းစက်နေတာကို 'ဘာလို့လဲ'ဆိုတော့ Matthewမျက်လုံးလှလှလေးတွေ အရည်ရွဲလာသည်။ နီရဲနေသော နှာထိပ်လေးတွေက မနေ့ညကအလွန့်အလွန်ငိုခဲ့မှန်းသိသာတယ်။

သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို အသားတစ်စက်မှမပေါ်အောင် စောင်ခြုံထားလျက် Leonအား မကျေနပ်ဖြစ်နေသည်။ အမှန်လည်း သူ့မှာ စိတ်ဆိုးပိုင်ခွင့်အပြည့်ရှိတယ်လေ။

" မြေခွေးကောင် မင်းကြောင့် ငါ့အတန်းပျက်ပြီ "

" ဟန်နီကလည်း တစ်ခါတစ်လေပဲကို "

Leonက အေပရွန်ဝတ်ထားကာ ဟင်းချက်နေကြောင်းထင်ရှားသည်။ သို့ပေသော် ဒီဇင်ဘာလမှာကျရောက်မယ့် သူ့စာမေးပွဲကို ဂရုမပြုသလိုလုပ်နေတယ်။ တော်ရုံဆိုရင် Matthewစိတ်တိုနေမှာ မဟုတ်ဘူး။ သောကြာနေ့ည Leonရဲ့မွေးနေ့ပြီးတော့ ဆက်တိုက်ညတိုင်းလုပ်ဖြစ်ကြတယ်။

မနေ့ညက အလွန်ဆိုးရွားတာမို့ ဒီနေ့တနင်္လာနေ့မှတောင် အတန်းပျက်ရသည်တဲ့။ အား တကယ်စိတ်တိုစရာကောင်းလိုက်တာ။ အရေးထဲ စာမေးပွဲနီးနေတဲ့ကာလမို့ စိတ်လှုပ်ရှားနေတာလည်း ပါဝင်သည်။ အင်္ဂလိပ်စာတွင် အားနည်းသည့်သူက ရေးဖြေမှာအဆင်ပြေပါ့မလား ဟူ၍ပေါ့။

ဆူပုတ်နေတဲ့Matthewမျက်နှာလေးဟာ ချစ်စရာလေးဖြစ်နေကာ နှုတ်ခမ်းများက တစ်ခုခုပြောဖို့ အားယူနေသလို။

" ဘယ်လိုလုပ်မလဲ စာမေးပွဲကနောက်လဖြေတော့မှာကို။ ချီးပေကောင် ငါ့ကိုနားမလည်ပေးဘူး "

ဒေါသထွက်နေတာမို့ မျက်စိရှေ့က Leonကိုပဲအကုန်အပြစ်တင်မိတော့သည်။ အိပ်ရာပေါ်က ခေါင်းအုံးတွေနဲ့ပေါက်ပြီး မျက်ရည်များမဆိုသလောက် ကျဆင်းနေတယ်။

" မင်းအတွက်ပဲမင်းသိတဲ့ တစ်ကိုယ်ကောင်းသမား။ ဟေ့ကောင် ဒီတိုင်းပဲရပ်ကြည့်နေမှာလား။ လုပ်ထားရင်တာဝန်ယူရမှာပေါ့ "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ