Chapter 85

72 4 0
                                    

(ဘဝရဲ့အစစ်အမှန်ကိုရှာတွေ့ခြင်း၁)


ကားတံခါးမခတ်ထားတာမို့ Leonအမြန်ပဲ ကားရှေ့ခန်းကိုဖွင့်လိုက်ပြီး လက်ထဲကမုန့်များကို Matthewအားပေးသည်။ စက္ကူအိတ်များဖြစ်၍ ကြက်သားဟမ်ဘာဂါ၊ကန်စွန်းဥချောင်းကြော်နှင့်ကိုလာဘူး။ ထို့ပြင်အခြားသော အဆာပြေစားစရာများလည်း ပါရှိသေးတယ်။

" ကြိုက်တယ်မလား "

ပြုံးရွှင်ပြီး သူ့ကိုကြည့်လာတဲ့Leonကို ဘယ်လိုတုံ့ပြန်မလဲ Matthew မသိတော့ဘူး။ နှုတ်ဖျားကနေ အမှန်တရားတစ်ဖြစ်လဲ ခဏကကိစ္စကိုပြောထွက်မိရင်ကော။

သို့သော်လည်း မဖြစ်သေးပါဘူး။ သူပြုံးလိုက်ပြီး ကိုလာကိုတစ်ငုံသောက်သည်။

" အင်း ကျေးဇူးပဲ "

" ကျွန်တော်က ဟန်နီ့အကြိုက်သိတယ်လေ။ အခုသွားကြမလား "

Leonကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြ၍ သောက်လက်စဖျော်ရည်နှင့် အဆာပြေမုန့်ကိုသာ စားနေမိသည်။ လတ်တလော သူဟန်ဆောင်ပြီး ဘာမှမပြောချင်ဘူး။ မျက်နှာလေးလည်း ချက်ချင်းကို ငြိုးငယ်၍ ဒီကိစ္စကိုဘယ်လိုပြောရမှန်းကို မသိ။ ခက်ခဲလှသည်။

ကားသည် လက်ရှိ၌လမ်းမကြီးပေါ်ရောက်ရှိ၍ Z cityကိုဦးတည်နေတယ်။ Leon၏ကားအကောင်းစားကြီးဟာ ပုံမှန်အရှိန်ဖြင့်မောင်းနှင်လို့။ ထို့အပြင် ကားထဲမှာ သီချင်းသံခပ်တိုးတိုးကိုဖွင့်ထားသည်။ အဆိုတော်Thuyရဲ့ My Universe ဆိုတဲ့သီချင်းဖြစ်ကာ အမျိုးအစားက R&Bဖြစ်၏။

ကြည့်ရတာ Leonဟာ R&Bအမျိုးအစားကို အရမ်းသဘောကျပုံရသည်။အထူးသဖြင့် Leonရဲ့ Music styleကလည်း ဒီလိုချည်းမဟုတ်လား။ သို့ပေမယ့် Matthew ဒေါသထွက်နေခြင်းအား ထိန်းချုပ်မရ။ သီချင်းပြီးဆုံးသွားတော့ သူအမြန်ပဲအသံကိုအဆုံးထိလျော့လိုက်သည်။

" ဘာလို့လဲ မကြိုက်ဘူးလား "

Leonသည် ကားမောင်းနေရင်းသူ့အားဘယ်တုန်းက သတိထားမိသွားမှန်းမသိ ချက်ချင်းကြီးစကားစလာတယ်။ ဒီတော့လည်း သူ့ဘက်ကဖုံးကွယ်စရာမလိုပဲ ဖြေရှင်းရတော့မှပေါ့။ နှစ်ဦးသား ဆက်ဆံရေးမှာ ဘာတွေကမှန်တယ်၊မှားတယ်ဆိုဆို ဒီကိစ္စကိုဖြေရှင်းမှဖြစ်မယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora