Chapter 31⚠️

171 9 0
                                    

(သဘောကျမိပြီလား)⚠️

" ဟန်နီ ကျွန်တော်လုပ်ပေးရမလား "

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.







" ဟန်နီ ကျွန်တော်လုပ်ပေးရမလား "

Matthew ဘာမှမပြောနိုင်ပဲ Leonအားလက်နှင့်အမူအယာပြပြီး သူ့ဘာသာကြည့်လုပ်နေတော့တယ်။သန့်စင်ခန်းတံခါးဖွင့်ထားလျက်ရှိတာမို့ Leonထိုမြင်ကွင်းကို ကောင်းကောင်းကြီးမြင်ရသည်။

မျက်လုံးလှလှတွေမှာ မျက်ရည်ကြည်တွေစုဝေးနေပြီး ပြင်းထန်စွာ ဝေဒနာခံစားနေရသော Matthewက တကယ့်သနားစရာလေး။ သူ့မျက်လုံးထဲမှာ ဒီမျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစ်စုံကို နက်နက်ရှိုင်းရှိုင်း စွဲလမ်းနေခဲ့တယ်။

အော့အန်ခြင်းပြီးသွားသည့်နောက် ခလုတ်ကိုနှိပ်ကာ သူလည်းပဲ ပါးစပ်ဆေးဖို့ ဘေစင်ဆီသွားလိုက်သည်။ သို့သော် ဘေးမှာ မတ်တတ်ရပ်ပြီး သူ့အားစိုက်ကြည့်နေသော Leonကြောင့် အံ့ဩသွားရတယ်။

သူ့ပါးစပ်ကို သေချာဆေးမိ၍
" အဲ့မှာ ဘာရပ်လုပ်နေတာလဲ "

" အကူအညီလိုသေးလား "

" ဟင့်အင် "

သူ့စကားကြားပြီးတာနဲ့ Leon ချက်ချင်းလှည့်ထွက်သွားတော့သည်။ Leon၏ မကျေမချမ်းဖြစ်ပုံအား မြင်ရပါသော်လည်း Matthewမမေးပဲ ဒီတိုင်းထားလိုက်တယ်။ ဒါဟာ သူနှင့်မဆိုင်ပါပဲ။

အခုတလော ခန္ဓာကိုယ်က Recoverမဖြစ်သေးဘူး။ ကောင်းမွန်ဖို့ အချိန်ယူတုန်း အခြေအနေသာရှိသေးတာမို့ အော့အန်တာတို့၊ဖျားခြင်း၊ဝမ်းလျောခြင်း အစရှိသည်တို့လည်း ဖြစ်လာတော့တယ်။ ခံရခက်ခဲပေမယ်​့ ပထမနှစ်ပတ်ထက်တော့ ခံသာပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သူတောင့်ခံနိုင်လို့ အဆင်ပြေလာတာ။ စိတ်လျော့ပြီး လက်လျော့မိရင် သူ့ဘဝတော့ ပျက်စီးနေမှာ အသေချာ။ Matthew များများစားစား မတွေးတတ်ပေမယ့် ဆိုးဆိုးရွားရွားဖြစ်မယ်ဆိုတာ သူနားလည်ပါတယ်။






Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Hikayelerin yaşadığı yer. Şimdi keşfedin