Chapter 11

137 11 0
                                    

(အနှောင့်အယှက်)






" ခန္ဓာကိုယ်မှာ အချိုဓာတ်လျော့နည်းနေပြီ။ အောက်က ကဖေးသွားရအောင် "

တီဗီစခရင်ကို ကြည့်ပြီး ဟီးဟီးဟားဟားရယ်နေတုန်းရှိသေးတယ် အဖျက်သမားကတော့ရောက်လာပြီ။ အားလပ်ရက်မို့ အိမ်တောင်မပြန်ဘဲ အဆောင်မှာနေတာဟာ ကောင်းမယ်ထင်ခဲ့တာ ၊ အခုတော့ကောင်းမနေဘူး။

သူ့ဘာသာ အခန်းထဲမှာနေတာက အေးအေးဆေးဆေး နားညီးသက်သာသေးတယ်။ ဒီလိုမှတော့ Matthew ဟိုဖက်ရှင်မင်းသား U.Doကိုသတိရသွားတော့သည်။ ဟိုတစ်ယောက်ဆို သူ့ဘာသာ သာသာယာယာပဲ။ အခုတော့ အခန်းအပြင်ထွက်မိတဲ့သူက မှားယွင်းသွားသလို။

အဆောင်ကြီးက အလွန်မကျယ်လွန်းပေမယ့် လူငါးယောက်/ခြောက်ယောက် လောက်လွတ်လပ်စွာနေလို့ရတဲ့ ခေတ်မီတဲ့နေရာတစ်ခုပဲ။ ဒါပေမဲ့ ဒါဟာ လွန်ခဲ့သော၄နှစ်က ကုမ္ပဏီနေရာပြောင်းမှ ဒီလိုနေရာရလာတာ။ သူတို့တွေရှာပေးထားတဲ့ ပိုက်ဆံနဲ့ နေရာပြောင်းတာ မဆန်းပါဘူး။

Matthew ဝမ်းမနည်းချင်တာမို့ ဟာသဇာတ်လမ်းလေးတွေကြည့်နေခဲ့တာ။ ဒီအချိန် ကောင်မလေးတွေနဲ့ ကြည်နူးသာယာသင့်ပေမယ့် တစ်ခါတစ်ရံတော့ စိတ်ကို အပန်းဖြေသင့်တယ် ထင်တာပဲ။

သူ့လက်မှာ ရီမုတ်ကိုင်ထားပြီး ထိုရီမုတ်ကို Adamထံပစ်ပေါက်လိုက်တယ်။ သူ့မျက်နှာမှာ စိတ်တိုပုံရစွာ

" မနှောင့်ယှက်စမ်းနဲ့ ငါတီဗီကြည့်နေတယ် "

Matthew သည် Adamကို မကျေနပ်စွာကြည့်လိုက်၍ ဖွင့်လက်စ ဟာသရုပ်ရှင်ကိုကြည့်တယ်။ စားပွဲပေါ်က သရေစာကိုယူစားလိုက်သေးသည်။

ရီမုတ်နဲ့ အပေါက်ခံလိုက်ရပေမယ့် အဖမ်းတော်တဲ့ Adamက တစ်ခဏလေးနဲ့ မိအောင်ဖမ်းယူနိုင်ခဲ့တယ်။သူ ရယ်သာရယ်နေပြီး လက်မလျော့စွာ တီဗီရှေ့မှာဝင်ပိတ်လိုက်သည်။

Adamသေမလို ကော်ဖီသောက်ချင်နေတာ သူဒီတစ်နေ့ညကော်ဖီမသောက်ရရင် သေတော့မလားမသိ။ မနက်ဖြန်ဆိုတာလည်းရှိလာမယ်မထင်ဘူး။ ဒါ့ကြောင့် အစ်ကို Matthewကို အဖော်ခေါ်ဖို့စဉ်းစားမိတာပဲ။တစ်ခြားလူတွေက သူတို့အစ်ကိုmatthewလောက် ဒေါသမထွက်တတ်ဘူးလေ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Wo Geschichten leben. Entdecke jetzt