Chapter 22

201 8 0
                                    

(ဆောင်းတွင်းရောက်တော့မယ်)  



" Matthew မင်းနှာစေးနေတာပဲ။ နေမကောင်းဘူးလား။ ဆေးခန်းလေးဘာလေးသွားဦး "

" ဟုတ်တယ် ဒီနောက်ပိုင်းပွဲတွေများလာတော့မှာ။ ပြီးရင်ကျွန်တော်တို့ချည်း ပင်ပန်းရတော့မယ် ဟူး "

Ben သူ့ကိုပြောနေသလို ကြားထဲကနေ ဖိုးလျှာရှည်Adamက ဝင်ရောက်နှောင့်ယှက်နေပြန်ပြီ။ သူ ခေါင်းအသာငြိမ့်ပြကာ တစ်ခြားနေရာသို့လှည့်ထွက်သွားတော့တယ်။

အခုတလော သူဘာဖြစ်နေမှန်း Matthew မသိတော့ဘူး။ ခဏလေးနဲ့ဒေါသထွက်မြန်လာတယ်။ ပြီးတော့ လုံးဝကို ဆတ်ဆတ်ထိမခံဖြစ်လာတာ ဘာကြောင့်များလဲ။ သူ့မှာ မေးခွန်းတွေများလာပြီး စဉ်းစားလို့ပင်မရဘူး။ တကယ့်တကယ်က Drugသုံးတဲ့ အကျိုးဆက်မှန်း Matthewစဉ်းစားမိမယ်မထင်။

ယခုတွင်မူ အဖွဲ့ဝင်အားလုံးနှင့်အတူ မန်နေဂျာ၊အကဆရာကော ဤအကလေ့ကျင့်ခန်းမှာအတူရှိနေကြတယ်။ ဆောင်းတွင်းရောက်တော့မှာဖြစ်သလိုဆုပေးပွဲတွေ၊ Year end ဖျော်ဖြေပွဲများစွာလည်း ရောက်လာတော့မယ်။ ပျော်ပွဲရွှင်ပွဲတွေများလာမှာ မှန်ပေမယ့်  ဒီကြားထဲ သူတို့တွေအလုပ်ရှုပ်တာပဲ အဖတ်တင်တယ်။

သို့ပေမယ့် ဒီကာလမှာ အဆိုတော်အဖွဲ့တွေ အများကြီးမှ အများကြီးကိုတွေ့ရတယ်။ အထူးသဖြင့် ဝေးကွာနေတဲ့ ဒီအသိုင်းအဝိုင်းက သူငယ်ချင်းတွေနဲ့ တွေ့ရဦးမယ်။ ဒါ့အပြင် ချောမောတဲ့ ကောင်မလေးတွေအများကြီးကိုလည်း တွေ့ရမှာဆိုတော့ မတန်ပေမယ့် တန်ပါတယ်ဆိုတာမျိုးပေါ့။

Matthew ဒီလိုတွေးမိပြီး တစ်ဖက်က ရည်စားအသစ်ထပ်ရမှာမို့ ပျော်ပေမယ့် ရက်ဆက် အကလေ့ကျင့်ရမှာတို့၊အသံသွင်းရမှာတို့ကို သဘောမကျပါ။

" အကကွက်ပြောင်းကြရင် ဘယ်လိုလဲ။ ပရိတ်သတ်တွေလည်း အံ့ဩသွားအောင်လေ "

Jinnoက အကြံသစ်ပေးလိုက်ပေမယ့် အကဆရာက ခေါင်းခါတယ်။ ထိုသူတွေ ကကွက်နှင့် ပတ်သတ်ပြီးဆွေးနွေးနေကြတာကို Matthew မြင်ပေမယ့် လက်ပိုက်ကြည့်နေမိသည်။

ဘာကြောင့်လဲ သူအမှန်အတိုင်း Jinnoဘက်ကဝင်ပြောတောင် 80%က ကုမ္ပဏီက စီမံခန့်ခွဲရေးဌာနဆီက တုံ့ပြန်ချက်ကိုပဲ စောင့်ရမှာ။ ကိုယ်ပိုင်လုပ်ချင်တဲ့အရာတွေ ကန့်သတ်ခံထားရကတည်းက သူဆက်ပြီးကြိုးစားမနေတော့ဘူး။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now