Chapter 61

108 6 0
                                    

(နှလုံးသားလေး တဖန်အသက်ဝင်လာတယ်)





ရက်သတ္တပတ်နှစ်ပတ်တိတိ ကျော်လွန်လေပြီးသော် နွေရာသီကတော့ မကုန်ဆုံးသေး။ ပိုပိုပူပြင်းလာတာကြောင့် Matthewအပြင်သိပ်မထွက်ဖြစ်ဘူး။ အကယ်၍ ထွက်ဖြစ်ရင်တောင် မနက်ပိုင်းနဲ့ညနေခင်းအချိန်သာထွက်ဖြစ်သည်။

အများဆုံးဆို ညနေခင်းဖြစ်နေခဲ့တယ်။ အဲ့ချိန်က သူ့အတွက်အကောင်းဆုံးလို့ထင်တယ်လေ။  သို့သော်လည်း  မွေးစားမိဘတွေရဲ့စကားကြောင့် သူ ဘာဆက်လုပ်ရမှန်းကိုမသိတာ။ ငြင်းဆန်ရမလား၊လက်ခံရမလား တကယ်စဉ်းစားရခက်သည်။

နောက်များမှ Benနဲ့ဆွေးနွေးဖို့ Noteမှာမှတ်ထားလိုက်တယ်။ တကယ်တော့ သူမေ့တတ်တာမဟုတ်ပေမယ့် စကားပြောနေရင်း လိုရင်းမရောက်မှာစိုးရိမ်သည်မို့။ အဲ့ဒီရန်က ကာကွယ်ဖို့ဖြစ်တယ်။

တစ်နေ့တစ်နေ့ လျင်မြန်စွာကုန်ဆုံးသွားခဲ့သည် ။သို့သော် Matthewယခုထိတိုင် သူ့အနာဂတ်ကိုတွေးတောနေရင်းသာ အချိန်ကုန်ဆုံးနေတယ်။

မှာယူထားသော နေ့လယ်စာကိုကောင်းမွန်စွာစားသောက်ပြီးနောက်  သူ့မှာလုပ်စရာမရှိတော့ဘူး။ အချိုပွဲအဖြစ် မနေ့ညကဝယ်လာတဲ့ ဂျယ်လီပူတင်းကို ရေခဲသေတ္တာထဲမှထုတ်သည်။ ပန်းကန်ဆေးစက်မှ ဆေးပြီးသား ပန်းကန်ကိုယူကာ ထည့်၍ ဧည့်ခန်းသို့ လျှောက်လှမ်းခဲ့တယ်။

လက်ထဲ၌လည်း ဖျော်ရည်ဘူးကိုကိုင်ထားလျက်။ သူယူလာသမျှကို စားပွဲပေါ်အသာထားလိုက်ပြီး နာရီကိုရုတ်တရက်ကြည့်သည်။

နေ့လည် ၁:၀၀တိတိဖြစ်ကြောင်းဖော်ပြနေကာ Matthewခေါင်းထဲမှလည်း တစ်ခုခုကိုချက်ချင်းသတိရမိသွားတယ်။ ဤဟာ သူတို့ရဲ့အငယ်ဆုံးလေး Jinnoရဲ့သီချင်းအသစ်ထွက်မယ့်ကိစ္စ။ 

သီချင်းအသစ်အကြောင်း Adamရဲ့မွေးနေ့ပါတီကတည်းက သိပေမယ့် သူသိပ်ပြီးသတိမမူမိဘူး။ ဒါပေမဲ့ ရက်နီးကာမှ သူအရမ်းရင်ခုန်နေသည်။ Jinnoရဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းမို့ ဘယ်လိုဖြစ်မလဲ သိချင်တာလည်းပါဝင်သည်။

သူ အမြန်ပဲ အခန်းထဲကဖုန်းကိုသွားယူမိသည်။ သီချင်းက Music Videoမထွက်သေးပေမယ့် Digital Music platformပေါ်တော့ရောက်နှင့်နေပြီ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ