Chapter 84

68 6 0
                                    

(စုံတွဲဆိုသည်)



" ချီးထုတ်ကောင် မင်းပြောတော့ ငါ့ကိုအချစ်ဆုံးပါဆို။ ဘာလဲ မင်းရည်းစားဟောင်းကြီး.. အေ့ "

အရေးတကြီးဖြစ်နေပြီလို့ Matthewရဲ့ သူငယ်ချင်းBenက ဖုန်းဆက်တာကြောင့်  အလုပ်ကိုပစ်ပြီး ဒီလာခဲ့ရတာ။ သို့ပေမယ့်  မူးပြဲနေတဲ့ချစ်သူလေးကိုတွေ့ရတဲ့အခါ Leon သက်ပြင်းချမိသည်။

နီရဲနေတဲ့ မျက်နှာလေးနှင့် ရီဝေနေသောမျက်လုံးများဟာ သူ့ကိုစေ့စေ့ကြည့်လာပြီး မျက်ရည်များကျဆင်းလျက်။

" မင်းပြောတော့ ငါ့ကို ငါ့ကို...."

" တော်ပြီ Matthew ထတော့။ဟိုမှာမင်းရည်းစားရောက်လာပြီ ပြန်တော့ "

Benသည် အရက်မူးနေသော Matthew ကို ဂုတ်ကမယူဆွဲပြီး ပြန်ဖို့မောင်းထုတ်သည်။ ဒီနေ့ ညနေ အဖွဲ့ဝင်တွေအားလုံးစုဝေးကာ ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်။ အကြောင်းတရားက ဘာမှမဟုတ်သော် မတွေ့ရတာကြာဖြစ်လို့ Benရဲ့အိမ်မှာပဲ ပွဲဖြစ်သွားသည်။ သို့သော် ကျန်တဲ့လူအသီးသီးပြန်ကုန်ပေမယ့် Matthewက အခုထိမပြန်သေး။

" ရတယ် ကျွန်တော်ခေါ်သွားလိုက်မယ် "

မူးနေတဲ့ Matthewနဲ့ Benမှာ ကြမ်းပြင်ပေါ်ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် Leonအမြန်ပဲ Matthewဆီလာခဲ့သည်။

ချစ်သူလေး၏ ခန္ဓာကိုယ်ကိုချိုင်းကနေ အသာလေး,မချီ၍ Benကိုတစ်ချက်ကြည့်သည်။ ထိုအမျိုးသားကတော့ သူတို့ကိုအံ့ဩစွာကြည့်လျက် မယုံနိုင်ဖြစ်နေတယ်။ သူ့လက်ထဲက Matthew၏ပစ္စည်းတစ်ချို့ကို Leonလက်သို့ အိတ်နဲ့ထည့်ပေးလိုက်သည်။

" သူ ဘယ်လောက်ထိသောက်ထားတာလဲ "

အေးစက်စက် Leonအသံကြောင့် Benလည်း အိပ်မောကျဟန်ရှိသော Matthewကိုတစ်ချက်ကြည့်လိုက်ရင်း

" အရင်ကတော့ သူရှယ်သောက်နိုင်တယ်။ ဒါပေမဲ့ သုံးပုလင်းသောက်ပြီးတာနဲ့မှောက်သွားတာပဲ။ အော် ဒါနဲ့လေ မင်းရဲ့ရည်းစားတွေအကြောင်း ငါတို့ကိုပြောနေသေးတယ်။ ဘယ်ကနေဘယ်လိုသိလာလဲတော့ မသိဘူး "

" သွားတော့ နောက်ကျနေတော့မယ် "

တော်ကြာ Benဒီထက်ပိုပြောမိရင် Leonတို့စုံတွဲ ပြဿနာဖြစ်ကြမလားမသိ။ ဒီလောက်ပြောလိုက်တာတင် လုံလောက်ပါပြီ။ သူ Leonနှင့်Matthewတို့ကို အိမ်ပြင်ထိလိုက်ပို့နေစဉ် နောက်ဖေးကနေ အသံတစ်သံထွက်လာသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora